ကန့်သတ်ချက်များကြားက ကျင်းပခဲ့သည့် အဒ်ပွဲတော်

ကန့်သတ်ချက်များကြားက ကျင်းပခဲ့သည့် အဒ်ပွဲတော်

လွန်ခဲ့သည့်နှစ်များအတွင်း ဘာသာရေးပဋိပက္ခများဖြစ်ထားရာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အမျိုးသားရေးသမားများ၏ တိရိစ္ဆာန်များအပေါ် သတ်ဖြတ်ခြင်းအား တားမြစ်မှုဖိအားများကြားမှ မူဆလင်များ၏ အိဒ်နေ့ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့အနီးတွင် အိဒ်ပွဲများကို အကျဉ်းချုံ့ ပြုလုပ်ကာ တိရစ္ဆာန်များ၏ အသားများကို ဝေမ ျှလှူဒါန်းခဲ့ကြသည်။

ဒေသခံမူဆလင်တစ်ဦးက အေအက်ဖ်ပီသတင်းသို့ ပြောရာတွင် ယခုနှစ်တွင် ကန့်သတ်ချက် ပိုများကြောင်း ဆိုသည်။

"ယခုနှစ်ကို အာဏာပိုင်များက ခွင့်ပြုပေးပေမယ့် စည်းကမ်းချက်တွေ တော်တော်များများ ထုတ်ပါတယ်။"ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟာဂျီ ဦးအေးလွင်က ဆိုသည်။

စစ်အုပ်ချုပ်မည့် နေခဲ့ရသည့် မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲတရားမျှတမှုရှိပါက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရနိုင်သည့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲများ မတိုင်မီ ဗုဒ္ဓသာသနာအမျိုးသားရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် မဘသ အဖွဲ့က မွတ်စလင်ဆန့်ကျင်ရေးဟောပြောမှုများကို လုပ်ဆောင်နေခဲ့သည်။

နွားများကို သတ်ဖြတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်မှုဖြစ်ကြောင်း မဘသ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးပါမောက္ခက စက်တင်ဘာ ၂၅ ရက်က ပြောခဲ့သည်။

"ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်လိုရင် မူဆလင်တွေအနေနဲ့ ဒီလိုလုပ်ဆောင်မှုတွေကို ရှောင်ကြဉ်ကြရမှာပဲဖြစ်တယ်။"ဟု ဦးပါမောက္ခက အေအက်ဖ်ပီသို့ပြောပြီး အာဏာပိုင်များသို့လည်း နွားများအား သတ်ဖြတ်ခြင်းအပေါ် စည်းကြပ်မတ်မှုများ ထားရှိရန် မဘသက တိုက်တွန်းခဲ့ကြောင်းလည်း ဖြည့်စွက်ပြောသည်။

AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly