အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါသို့ ရောက်ရှိ

အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါသို့ ရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်သို့ သွားခဲ့စဉ်။ ဓာတ်ပုံ-AFP

နိုဝင်ဘာ ၂၉ ။          ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံသို့ သုံးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၉ ရက်က ခတ္တမန္ဒူမြို့ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကိုတော့ Tribhuwan နိုင်ငံတကာ လေဆိပ်မှာ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ် အစ်ရှ်ဝါ ပေါ့ခ်ရယ်လ် က လာရောက်ကြိုဆိုခဲ့ပါတယ်။

ယင်းခရီးစဉ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နီပေါ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၊ နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီတို့နဲ့လည်း နိုဝင်ဘာ ၃၀ ရက်မှာ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် နီပေါ နိုင်ငံခြားရေးဝန်ကြီး ပရာဒိပ် ခူမာ ဂယာဝါလီဟာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လာရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ယခုလို တွေ့ဆုံမှုတွေအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁ ရက်မှာ ခတ္တမန္ဒူမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly