ONE ပြိုင်ပွဲ၏ ကစားသမားများက ဖလိိုင်းဝိတ်နှင့် လိုက်ဝိတ် Grand Prix ပြိုင်ပွဲကို သုံးသပ်

ONE ပြိုင်ပွဲ၏ ကစားသမားများက ဖလိိုင်းဝိတ်နှင့် လိုက်ဝိတ် Grand Prix ပြိုင်ပွဲကို သုံးသပ်

ကမ္ဘာ့ချန်ပီယံခါးပတ်များကို အကြိမ်ကြိမ်ပိုင်ဆိုင်ခဲ့သည့် Eddie “The Underground King” Alvarez နှင့် Demetrious “Mighty Mouse” Johnson (DJ) တို့သည် ONE Championship ပြိုင်ပွဲကြီးသို့ ရောက်ရှိလာခဲ့ သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က Marina Bay Sands တွင်ကျင်းပခဲ့သော ONE: HEART OF THE LION ၏ သတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ကစာသမား ၂ ယောက်ကို  မိတ်ဆက်ခဲ့ပြီး လိုက်ဝိတ်နှင့်ဖလိုင်းဝိတ်တန်းများရှိ ONE Championship ၏ အကောင်းဆုံးစာရင်းဝင် ကစားသမား ၈ ဦး ပါဝင်ယှဉ်ပြိုင်မည့် လိုက်ဝိတ်နှင့် ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ပြိုင်ပွဲကြီး အကြောင်းကို ကြေညာခဲ့သည်။

“DJ နဲ့ Eddie Alvarez တို့ကို ONE Championship ပြိုင်ပွဲကြီးနဲ့ မိတ်ဆက်ပေးဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်။ Grand Prix က အရင်က ရွှေရောင်တောက်ခဲ့တဲ့နေ့ရက်တွေလိုပဲ သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ပြိုင်ပွဲဝင်တိုင်းက သူတို့ဘယ်သူနဲ့ယှဉ်ပြိုင်ရမယ်၊ ဘယ်အချိန်မှာ ယှဉ်ပြိုင်ရမယ်ဆိုတာကို အကြမ်းဖျဉ်းတော့ သိရမှာပါ။” ဟု သြစတြေးလျနိုင်ငံသားကစားသမား McLaren က ဆိုသည်။

ထိုကြေညာချက်နှင့် စပ်လျဉ်း၍ ဤကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းကြီးရှိ လိုက်ဝိတ်နှင့် ဖလိုင်းဝိတ်တန်းမှ နာမည်ကျော်ကစားသမားများစွာက သုံးသပ်ချက်များရှိလာခဲ့သည်။

သြစတြေးလျနိုင်ငံသား McLaren အဖို့ Demetrious Johnson နှင့်ယှဉ်ပြိုင်ရခြင်းသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ဦးအနေဖြင့် ၎င်း၏ ယှဉ်ပြိုင်မှုစွမ်းရည်ကို ဆန်းစစ်ရန် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။

“DJ နဲ့ ရင်ဆိုင်ခွင့်ရခြင်းက ကစားသမားဘဝမှာ အလိုချင်ဆုံးအရာတစ်ခုပါ။ သူက အကောင်းဆုံး ဖလိုင်းဝိတ်တန်း ကစားသမားတစ်ယောက်ဖြစ်ပြီး၊ သမိုင်းမှာ အကောင်းဆုံးကစားသမားအဖြစ် မှတ်တမ်းတင်မယ့်သူပါ။ သူက ကိုယ်ခံပညာကြိုက်တဲ့ပရိသတ်တွေကို သိပ်ကို ဆွဲဆောင်နိုင်တဲ့သူဖြစ်ပြီး အလွန်တရာ စိတ်ဝင်စားအာရုံစိုက်မှု ခံရတယ်။ သူနဲ့ယှဉ်ပြိုင်ရတာဟာ ကိုယ့်ရဲ့ယှဉ်ပြိုင်မှုစွမ်းရည်နဲ့ စိတ်ဓါတ်ခွန်အားကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲလို့ ကျွန်တော်ထင်တယ်။” ဟု McLaren က ပြောသည်။

ကမ္ဘာ့ Grand Prix ပြိုင်ပွဲကို ကြေညာလိုက်ခြင်းသည် ONE ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ််အတွက် စိန်ခေါ်ဖူးသူ Danny “The King” Kingad အတွက် ပို၍ပြင်းပြင်းထန်ထန်လေ့ကျင့်ရန် အကြောင်းပြချက်ဖြစ်လာသည်ဟု ဆိုသည်။

“ကျွန်တော် ကမ္ဘာ့Grand Prix ပြိုင်ပွဲအကြောင်းကိုကြားရတာ ကျွန်တော့်အတွက် အချိန်ကြာကြာ ပြင်းပြင်း ထန်ထန်လေ့ကျင့်ဖို့ တွန်းအားဖြစ်စေပါတယ်။ ဒီပြိုင်ပွဲက ကျွန်တော်တို့ အားကစားသမားတွေ မီးကုန်ယမ်းကုန် ယှဉ်ပြိုင်နိုင်ဖို့အတွက် အကောင်းဆုံးနေရာဖြစ်တယ်။” ဟု Kingad က ၎င်း၏အမြင်ကို မျှဝေထားသည်။

ONE ဖလိုင်းဝိတ်ကမ္ဘာ့ချန််ပီယံဖြစ်သူ Geje "Gravity" Eustaquio အနေဖြင့် ၎င်း၏ချန်ပီယံခါးပတ်ကို ကာကွယ်လိုသော်လည်း ကမ္ဘာ့Grand Prix ပြိုင်ပွဲသည် ဖလိုင်းဝိတ်တန်းကစားသမားများအတွက် ၎င်းတို့၏အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်ရန် အကောင်းဆုံးသောနေရာဖြစ်သည်ဟု ယူဆသည်။ ဤပြိုင်ပွဲတွင် Johnson နှင့် ရင်ဆိုင်နိုင်ခွင့်ရှိသဖြင့် ယှဉ်ပြိုင်မှုစွမ်းရည်တိုးတက်လိုသော ၎င်း၏ဆန္ဒကိို ပိုမိုပြင်းထန်လာစေခဲ့သည်ဟု ယုံကြည်ထားသည်။

“Grand Prix ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သိပ်တော်တဲ့ အားကစားသမားတွေနဲ့ အထူးသဖြင့် DJ နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာကို ကျွန်တော်သဘောကျတယ်။ ဒါပေမယ့် ကျွန်တော့်ချန်ပီယံခါးပတ်ကိုလည်း ကာကွယ်ရမယ်လို့ထင်တယ်။ ကျွန်တော် အဲ့ဒီခါးပတ်ကို ခက်ခက်ခဲခဲရယူထားရတာမို့ သေချာကာကွယ်ရမယ်။” ဟု Eustaquio က ပြောသည်။

“DJ က လူတိုင်းသိတဲ့ ထင်းရှားတဲ့ ကစားသမားတစ်ဦးဖြစ်တယ်။ သူက ကျွန်တော့်ကို ပိုပြီး လေ့လာသင်ယူနိုင်စေဖို့ စိတ်ဓာတ်ခွန်အားတွေပေးသလို ကျွန်တော်ချစ်တဲ့အားကစားမှာ အောင်မြင်မှုတွေ ပိုလိုချင်လာစေပါတယ်။ သူ့လို ထူးချွန်တဲ့ကစားသမားနဲ့ ယှဉ်ပြိုင်ရတာဟာ ကျွန််တော်အတွက် ဂုဏ်ယူစရာကောင်းပါတယ်။ အထူးသဖြင့် ကျွန်တော်သူ့ကို အနိုုင်ရအောင် ယှဉ်ပြိုင်နိုင်မယ်ဆိုရင် ပိုပြီး ဂုဏ်ယူစရာကောင်းမှာဖြစ်ပါတယ်။” ဟု ၎င်းက ဆိုသည်။

ONE Championship ၏လိုက်ဝိတ်တန်းကစားသမား Ev Ting အနေဖြင့် ကမ္ဘာ့ Grand Prix ပြိုင်ပွဲကြီး၏ ပတ်သတ်၍ အထူးသဖြင့် ပြိုင်ပွဲအတွင်း Alvarez ကဲ့သို့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားမျိုးနှင့် ရင်ဆိုင်ခွင့်ရနိုင်သည့်အခွင့်အရေးကို ရမည်ဖြစ်သဖြင့် စိတ််လှုပ်ရှားလျက်ရှိသည်။

“The Grand Prix ပြိုင်ပွဲကြီးဟာ ဝိတ်တန််းမျိုးစုံက အကောင်းဆုံးကစားသမားတွေကို ရွေးထုတ်ဖို့ အကောင်းဆုံးနည်းဖြစ်တယ်။” ဟု Ting က Newshub နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသွားခဲ့သည်။

“Eddie Alvarez က ကျွန်တော့်အတွက် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်တယ်။ ကျွန်တော် နောက်ဆုံး စခန်းသွင်းလေ့ကျင့်ထားပြီးကတည်းက ကျန်းမာကြံ့ခိုင်မှုအပြည့် ရှိနေသေးတယ်။ သူနဲ့ ယှဉ်ပြိုင်ပြီး ကျွန်တော့် အရည်အချင်းကို စမ်းသပ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။” ဟု ၎င်းက ဆိုသည်။

ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း Eduard “Landslide” Folayang အတွက်မူ ကမ္ဘာ့Grand Prix ပြိုင်ပွဲကြီးရှိလာခြင်းသည် ကစားသမားကောင်းများပြည့်နှက်နေသော လိုက်ဝိတ်တန်းကို ပို၍ ပြိုင်ဆိုင်မှုပြင်းထန်စေမည်ဖြစ်ကာ အထူးသဖြင့် ၇၇.၁ ကီလိုဝိတ်တန်းတွင် Alvarez ကို ပါဝင်စေခြင်းက ပို၍ စိန်ခေါ်မှုများရှိလာစေမည်ဖြစ်သည်။

“ဒီပြိုင်ပွဲက ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းသလို စိန်ခေါ်မှုလည်း ပိုများတယ်။ အထူးသဖြင့် Eddie Alvarez က ပြိုင်ပွဲဝင်အုပ်စုမှာ ပါနေပြီလေ။ ၂၀၁၉ နှစ်ဟာ ကျွန်တော်တို့အားကစားသမားတွေအတွက် အလုပ်တွေများမယ့် နှစ်တစ်ခုဖြစ်မယ်ထင်လို့ သိပ်ကောင်းပါတယ်။ အထူးသဖြင့် ပရိသတ်တွေအတွက်လည်း ကောင်းတဲ့နှစ်တစ်ခုလည်းဖြစ်မှာပါ။” ဟု Folayang က နိဂုံးချုပ်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly