ယူကရိန်း ရေတပ်သင်္ဘောသုံးစီးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ပူတင် ခုခံကာကွယ်ပြော

ယူကရိန်း ရေတပ်သင်္ဘောသုံးစီးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ပူတင် ခုခံကာကွယ်ပြော

နယူးဒေလီ၊ နိုဝင်ဘာ ၂၉ ။           ။ ပထဝီနိုင်ငံရေး အထိအခိုက်မခံတဲ့ ပင်လယ်နက် ရေပြင်မှာ ယူကရိန်း ရေတပ်သင်္ဘောသုံးစီးကို ရုရှားက စစ်အင်အားသုံး ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ပူတင်ဟာ ဗုဒ္ဓဟူးနေ့မှာ ခုခံကာကွယ်ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက ဖြစ်ပွားတဲ့ ယူကရိန်းသင်္ဘောတွေကို ရုရှားက ပစ်ခတ်ဖမ်းဆီးတာဟာ တအုံနွေးနွေးနဲ့ တင်းမာမှု ဖြစ်တည်နေတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်ထပ် ယိုင်နဲ့စေတဲ့ ဖြစ်စဉ်ပါပဲ။

ရုရှားနိုင်ငံနဲ့ ၎င်းကျူးကျော်သိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသကြားမှာ ရှိပြီး အဇော့ဗ်ပင်လယ်နဲ အတူ ပင်လယ်နက်ကို ဆက်သွယ်ရာ ရေပြင်ဖြစ်တဲ့ ကာ့ရှ်ရေလက်ကြားမှာ ယူကရိန်းသင်္ဘောသုံးစီးကို ရုရှားက ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

သင်္ဘောတွေနဲ့အတူ အမှုထမ်းတွေကိုပါ ရုရှားက ခုလို ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး သမ္မတ  ပူတင်ဟာ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒီလို ရင်ဆိုင်နေရတဲ့ကြားမှာပဲ ဖမ်းဆီးထားတဲ့ ယူကရိန်းသင်္ဘောအမှုထမ်းတွေကို ရုရှားပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ရုံးတင်တရားစွဲလာတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့က ဘယ်လို လုပ်သင့်သလဲ။ စစ်ရေးတာဝန်ထမ်းဆောင်ရင်း ပိုင်နက်အတွင်း ဝင်ရောက်လာသူတွေကို တရားစွဲဆိုရမှာက ကျွန်တော်တို့ တာဝန်ပဲ မဟုတ်လား။”ဆိုပြီး မော်စကိုမှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်တစ်ရပ်မှာ ရုရှက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ရုရှားက ၂၀၁၄ ခုနှစ်အတွင်း ၎င်းသိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်နား ဝင်ရောက်လာတဲ့ ယူကရိန်း တိုက်ရေယာဉ်နှစ်စီးနဲ့ ဆွဲသင်္ဘောတစ်စီးတို့ကို ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းက ကာ့ရှ်ရေလက်ကြားဟာ ၎င်းပိုင်အဖြစ် ယခင်ကတည်းက အသုံးပြုနေခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly