ဂရိတ်ဘာရီယာ သန္တာကျောက်တန်းကြီးမှ ပျက်စီး အပိုင်းတွေကို သိပ္ပံပညာရှင်တွေ ပြန်လည်ပျိုးထောင်မည်

ဂရိတ်ဘာရီယာ သန္တာကျောက်တန်းကြီးမှ ပျက်စီး အပိုင်းတွေကို သိပ္ပံပညာရှင်တွေ ပြန်လည်ပျိုးထောင်မည်

ဆစ်ဒနီ၊ နိုဝင်ဘာ ၂၈ ။           ။ သြစတြေးလျနိုင်ငံက ဂရိတ်ဘာရီယာ သန္တာကျောက်တန်းကြီးရဲ့ ပျက်စီးအပိုင်းတွေကို သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က ပြန်လည်ပျိုးထောင်တော့မှာ ဖြစ်တယ်လို့ ပညာရှင် သတင်းရင်းမြစ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကနဦးလုပ်ငန်းစဉ်အဖြစ် သန္တာကောင်ပိုးလောင်းတွေကို ပုံစံဖွဲ့ စုစည်းမျိုးပွားစေမယ့် gametes အထီးနဲ့ အမတွေကို သန္တာကျောက်တန်းကြီးရဲ့ ပျက်စီးအပိုင်းတွေမှာ ထားရှိပြီး မျိုးစေ့ပျိုးယူကာ သန္တာကျောက်တန်းကို ပြန်လည်ပျိုးထောင်သွားမှာ ဖြစ်ပါတယ်။

ဂရိတ်ဘာရီယာ သန္တာကျောက်တန်းကြီးရဲ့ မြောက်အပိုင်း တော်တော်များများဟာ ၂၀၁၆ နဲ့ ၂၀၁၇ မှာ အရောင်လွင့်ပြယ်လို့ ဆိုုးဆိုးဝါးဝါး ပျက်စီးနေတာပဲ ဖြစ်ပါတယ်။

သန္တာကောင် မျိုးပွားအောင် gametes တွေကို ပျက်စီးအပိုင်းတွေမှာ ထားရှိမှာကို လာမယ့် သီတင်းပတ်ကုန်မှာ စတင်ပြုလုပ်မှာပါ။ gametes တွေဟာ အောက်တိုဘာနဲ့ နိုဝင်ဘာအကြား လပြည့်နေ့တွေမှာသာ ပုံမှန်အားဖြင့် မျိုးပွားပြီး သန္တာပိုးလောင်းတွေကို မွေးထုတ်ပေးတဲ့ ဖြစ်စဉ် ဖြစ်ပွားတာပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ သန္တာကောင်တွေရဲ့ မျိုးပွားခြင်း ဖြစ်စဉ် သံသရာကို ပြန်လည်ထိန်းမတ်ပြီး သန္တာကျောက်တန်း ပျက်စီးအပိုင်းတွေမှာ သန္တာကောင်တွေ တိုးပွားအောင် လုပ်ဆောင်မယ့် စီမံကိန်းတစ်ရပ်ပဲ ဖြစ်တယ်လို့ ဒီစီမံကိန်းကို အကောင်အထည်ဖော်မယ့် James Cook တက္ကသိုလ်မှ ပညာရှင်အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly