မျိုးဗီဇ ပြုပြင်ထားတဲ့ ကလေးတွေ ဖန်တီးမွေးထုတ်တဲ့ တရုတ်သိပ္ပံပညာရှင် နိုင်ငံတကာဝေဖန်မှုတွေကြောင့် လုပ်ငန်းစဉ်ကို ရပ်ထား

မျိုးဗီဇ ပြုပြင်ထားတဲ့ ကလေးတွေ ဖန်တီးမွေးထုတ်တဲ့ တရုတ်သိပ္ပံပညာရှင် နိုင်ငံတကာဝေဖန်မှုတွေကြောင့် လုပ်ငန်းစဉ်ကို ရပ်ထား

ပေကျင်း၊ နိုဝင်ဘာ ၂၈ ။              ။ ကမ္ဘာ့ပထမဆုံးအဖြစ် မျိုးဗီဇပြုပြင်ထားတဲ့ ကလေးငယ်တွေ မွေးထုတ်ပေးခဲ့တဲ့ တရုတ်သိပ္ပံပညာရှင် ဟီကျင်ကူးဟာ နိုင်ငံတကာက ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ကြုံတွေ့ပြီးနောက်မှာတော့ သူ့ရဲ့ လုပ်ငန်းစဉ်ကို ရပ်ထားလိုက်ပါတယ်။

ဒါပေမယ့် အဲဒီ အငြင်းပွားဖွယ် ဖြစ်ပေါ်နေတဲ့ သူ့ရဲ့ ဆေးပညာစမ်းသပ်အောင်မြင်မှုကိုတော့ ဗုဒ္ဓဟူးနေ့မှာ သူဟာ ခုခံကာကွယ် ပြောဆိုပါတယ်။

ဆေးပညာရဲ့ ခြေလှမ်းသစ်အဖြစ် အိတ်ချ်အိုင်ဗီပိုးကို သဘာဝအလျှောက် အလိုလို ခုခံတွန်းလှန်နိုင်တဲ့ သန္ဓေပြောင်းလဲပြုပြင်ထားတဲ့ အမြွာမိန်းကလေးနှစ်ဦးကို ဟီကျင်ကူးဟာ အောင်မြင်စွာ မွေးထုတ်ပေးခဲ့တာပါ။

ဒီလို ဖန်တီးစမ်းသပ်မှုကို နိုင်ငံတကာက ဝေဖန်ပေမယ့် အောင်မြင်တဲ့ ဆေးပညာစမ်းသပ်မှုအဖြစ် သူ့အတွက်တော့ ဂုဏ်ယူစရာပဲ ဖြစ်တယ်လို့ ဟောင်ကောင်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ဇီဝဆေးပညာ ညီလာခံတစ်ရပ်မှာ ဟီကျင်ကူးက ပြောခဲ့တာ ဖြစ်ပါတယ်။

သီးသန့်် စစ်ဆေးအတည်ပြုရသေးခြင်း မရှိသေးတဲ့ ဟီရဲ့ စမ်းသပ်အောင်မြင်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေက သူ့ရဲ့ လုပ်ဆောင်ချက်ဟာ လူ့ကျင့်ဝတ်ကို ဖောက်ပြန်တဲ့ လုပ်ဆောင်ချက်ကို ရှုတ်ချပြောဆိုကြပါတယ်။

ဒါပေမယ့် ဟီကတော့ “လက်ရှိအခြေအနေကြောင့် စမ်းသပ်အောင်မြင်ထားတဲ့ ဒီဆေးပညာလုပ်ငန်းစဉ်ကို ရပ်ထားရပါတယ်။ ဒီ ဆေးပညာအောင်မြင်မှုအတွက်ကို ကျွန်တော်ဟာ အမှန်ပဲ ဂုဏ်ယူမိတယ်။ ကျွန်တော် ဂုဏ်ယူရဆုံး အောင်မြင်မှုပဲ ဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly