မြန်မာနိုင်ငံရဲ့အကြီးမားဆုံး Music Festival - Myanmar Music Wave 2018 ပွဲတော်ကျင်းပမည်

မြန်မာနိုင်ငံရဲ့အကြီးမားဆုံး Music Festival - Myanmar Music Wave 2018 ပွဲတော်ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ၂၈ ။        ။ မြန်မာနိုင်ငံရဲ့အကြီးမားဆုံးနဲ့ အကြီးကျယ်ဆုံး Music Festival - Myanmar Music Wave 2018 ပွဲတော် ကြီးကို လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန် မြို့ Thuwunnabhumi Event Park မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။

JBJ Entertainment က စီစဉ်တင်ဆက်တဲ့ Music Festival - Myanmar Music Wave ပွဲတော်ကျင်းပမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၂၈ ရက် နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် မီဒီယာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါ တယ်။

"ဒီပွဲမှာ ကြီးကျယ်ခမ်းနားတဲ့ Music ပုံစံအမျိုး အစားစုံပါဝင်ပါတယ်။ ပရိတ်သတ်တွေအတွက် ဒီဇင်ဘာလထဲမှာ ဖျော်ဖြေမှာဆိုတော့ ပွင့်လင်းရာသီလည်းဖြစ်လာပြီဆိုတော့ အစွမ်းကုန်သောင်းကျန်းလို့ရပြီပေါ့။ ပြီးခဲ့တဲ့ အ ခေါက်ကတော့ ငြမ်းစင်ပေါ်တက်တာ ကံကောင်းလို့ပြုတ်မကျတာပေါ့။ စက်ကလည်းပေ ၃၀၀ လောက်ကျယ် တယ်။ စက်တွေကလည်း အကောင်းစားတွေနဲ့ဆိုတော့ ပရိတ်သတ်ကို ဘယ်လိုဖမ်းစားနိုင်အောင် လုပ်မလဲ ဆိုတာ စောင့်ကြည့်စေချင်ပါတယ်။ ဒီပွဲက တခြား Music ပွဲတွေနဲ့လည်းမတူတဲ့ တကယ့်ပွဲ တော် ကြီးဖြစ်တယ်။ နိုင်ငံခြားက Festival တွေလို Fuction တွေအများကြီးပါဝင်တဲ့အတွက် အားပေးကြပါဦး" လို့ အဆိုတော် ရေမွန်က ပြောပါတယ်။

“Myanmar Music Wave 2018” Music Festival ပွဲကို ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်တို့မှာ ရန်ကုန်မြို ့က Thuwunnabhumi Event Park မှာ ကျင်းပသွားမှာဖြစ်ပြီး စတိတ်စင်ကိုလည်း ပေ ၃၀၀ အကျယ်အဝန်းအထိ အကြီးမားဆုံးတည်ဆောက် သွားမှာဖြစ်တယ်လို့ JBJ Entertainment က တာဝန်ရှိသူတွေက ဆိုပါတယ်။

အဆိုတော်တွေအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ Gfat ၊ မိစန္ဒီ ၊ အမွန်း၊ ဝေလ၊ ရေမွန်၊ နီနီခင်ဇော် ၊ Big Bag ၊ J-Me နဲ့ အဆိုတော်ပေါင်းများစွာပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

“ဒီပွဲက အဆိုတော်လည်းအရမ်းများတယ်။ အရင်ကဆိုခဲ့တဲ့ပွဲတွေနဲ့လည်းမတူဘူး။ စင်ကလည်းအကျယ်ကြီးနဲ့ LED မီးတွေကလည်း အမိုက်စားတွေနဲ့ ပြင်ဆင်ထားတယ်ဆိုတော့ ကျွန်တော်တို့ဖျော်ဖြေရတာလည်း အဆင် ပြေသလို ပရိတ်သတ်တွေလည်းစိတ်ကျေနပ်ပျော်ရွှင်ရမယ့်ပွဲဖြစ်တဲ့အတွက် လာရောက်အားပေးစေချင်ပါတယ်။ ဒီပွဲမှာ သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ကမ်ပိန်းတွေလည်းပါတယ်။  ပရိတ်သတ်တွေလည်းပါဝင်သင့်ပါတယ်။ အားလုံးလိုက်နာသင့်တဲ့ကမ်းပိန်းဖြစ်ပါတယ်။" လို့ G-Fat က ပြောပါတယ်။

အဆိုပါပွဲတော်ကြီးမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် ၂၆ ဖွဲ့က ဂီတအမျိုးအစားပေါင်းစုံကို ဖျော်ဖြေ တင်ဆက်သွားမယ့်အပြင် အစားအသောက်မျိုးစုံရရှိနိုင်မယ့် Night Market တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဆော့ကစားနိုင်မယ့် Game အစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly