ပေါ်တူဂီဖွား ခိုအာလာဝက်ဝံမလေး သြစတြီးယားရှိ ဗီယင်နာတိရိစ္ဆာန်ရုံသို့ ရောက်ရှိ

ပေါ်တူဂီဖွား ခိုအာလာဝက်ဝံမလေး သြစတြီးယားရှိ ဗီယင်နာတိရိစ္ဆာန်ရုံသို့ ရောက်ရှိ

နိုဝင်ဘာ ၂၈ ။          ။ ပေါ်တူဂီဖွား ခိုအာလာဝက်ဝံမလေးဟာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာတိရိစ္ဆာန်ရုံကို ရောက်လာပြီလို့ တာဝန်ခံတွေက များမကြာမီကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘွန်ဂျီလို့ အမည်ရတဲ့ အဆိုပါ ခိုအာလာဝက်ဝံမလေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မေလက ပေါ်တူဂီနိုင်ငံ၊ လစ်စ်ဘွန်းမြို့ရှိ တိရိစ္ဆာန်ရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဗီယင်နာတိရိစ္ဆာန်ရုံကို အသက် တစ်နှစ်ကျော် (၁၈ လ)အရွယ် ခိုအာလာဝက်ဝံမလေး ရောက်လာတဲ့အကြောင်း၊ ယူကလစ်ပင်တွေကို စားကြည့်နေပြီဖြစ်ကြောင်း သတ္တဗေဒပညာရှင် အိဗ်ပလင်းဒန်ကီက ပြောပါတယ်။

“ဝီရီ ဝီရီ (ခိုအာလာဝက်ဝံအထီး)နဲ့ ဘွန်ဂျီကို မိတ်လိုက်တဲ့ အချိန်မှပဲ ပေးတွေ့မယ်။ တခြားအချိန်တွေမှာတော့ သူတို့ကို ခွဲထားတယ်။ ခိုအာလာဝက်ဝံတွေက သီးသန့်နေတာများတယ်။”လို့ အိဗ်ပလင်းဒန်ကီက ပြောပါတယ်။

အန်နာရိုတရစ်ဂျ်အနေနဲ့ ခိုအာလာဝက်ဝံမလေး ဘွန်ဂျီကို လစ်စ်ဘွန်းကနေ ဗီယင်နာအထိ လိုက်ပို့ပေးခဲ့တာဖြစ်ပြီး ဘွန်ဂျီလေး ဗီယင်နာတိရိစ္ဆာန်ရုံမှာ နေသားကျသွားတဲ့အချိန်မှ လစ်စ်ဘွန်းမြို့ကို ပြန်မယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly