အိန္ဒိယရဲ့ အွန်လိုင်း အသုဘပစ္စည်း အရောင်းလုပ်ငန်း

အိန္ဒိယရဲ့ အွန်လိုင်း အသုဘပစ္စည်း အရောင်းလုပ်ငန်း

နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ။               ။ အိန္ဒိယမှာ အသုဘတစ််ခု ဖြစ်ပြီဆို နွားကျင်ငယ်ရည်၊ မီးရှို့ဖို့ အမွှေးနံသာနဲ့ ၀ါးနဲ့ လုပ်တဲ့  အလောင်းတင်စင်ကနေ ဟိန္ဒူဘုန်းကြီးတစ်ပါးကို ပင့်ဖိတ်ရတာတွေကို နောက်ဆုံးမိနစ်ပိုင်းလေးအတွင်းမှာ အချိန်လု လုပ်ဆောင်ရတာဖြစ်ပါတယ်။

ဓလေ့ထုံးစံနဲ့ အညီ ချရတဲ့ အသုဘတွေမှာ လိုအပ်ပစ္စည်းတွေထဲက တစ်ခုခု လိုသွားတာမျိုး မဖြစ်အောင် အသေးစိတ်ပြင်ဆင်ရတဲ့ အခြေအနေကို စွန့်ဦးတီထွင်သူတွေက အမိအရ ဆုပ်ကိုင်ပြီး စီးပွားရေး စျေးကွက်တစ်ခုကို ဖော်ဆောင်လာပါတယ်။ ဒါကတော့ အွန်လိုင်း အသုဘပစ္စည်း အရောင်းလုပ်ငန်းပါပဲ။

လူသေဆုံးလို့ ဝမ်းနည်းပူဆွေးနေတဲ့ မိသားစု ဆွေမျိုးတွေဟာ ဓလေ့ထုံးစံနဲ့အညီ အသုဘချဖို့ လိုအပ်ပစ္စည်း ဒါဇင်များစွာကို ပူဆွေးဝမ်းနည်းတဲ့ကြားကပဲ တက်သုတ်ရိုက် လိုက်လံဝယ်ယူကြရတာ ဖြစ်ပါတယ်။

ချစ်ခင်သူကို နောက်ဆုံး နှုတ်ဆက်စကားဆိုနိုင်ဖို့ ဓလေ့နဲ့အညီ အသုဘလည်း ချနိုင်အောင် ဒီလို ကမန်းကတမ်း လုပ်ဆောင်နေကြရတာကို ခုချိန်မှာတော့ ကုမ္ပဏီတွေက ဖြည့်ဆည်းကူညီလာကြတာပါ။

အသုဘဖြစ်ပြီဆိုရင် အွန်လိုင်းကနေ မှာယူရုံနဲ့ လိုအပ်ပစ္စည်းပစ္စယ အစုံလိုက်ကို လာရောက်ပို့ဆောင်ပေးတဲ့ အွန်လိုင်းဝန်ဆောင်မှုကို လုပ်ကိုင်ဆောင်ရွက်လာကြတဲ့ အွန်လိုင်းကုမ္ပဏီတွေ ရှိလာတာမို့ အသုဘတွေဟာ ယခင်လို ကတိုက်ကရိုက် လုပ်ဆောင်ရတာမျိုး နည်းသွားခဲ့ပါတော့တယ်။

အသုဘဖြစ်ရင် အွန်လိုင်းကနေ မှာယူလိုက်ရုံနဲ့ အသုဘအတွက် လိုအပ် ပစ္စည်းပစ္စယပေါင်း ၃၈ မျိုး ပါဝင်တဲ့ သေတ္တာဘူးက အချိန်တိုအတွင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။ မြေအိုး၊ အမွှေးနံ့သာချောင်းတွေ၊ နွားကျင်ငယ်ရည်နဲ့ နွားချေး၊ ဆန်၊ နှမ်းစေ့တွေနဲ့ နှင်းဆီရေ စတာတွေ ၃၈ မျိုးအထိ အပြည့်အစုံ ပါဝင်တဲ့ အသုဘပစ္စည်း သေတ္တာဘူးကို အချိန်တိုအတွင်း ရောက်ရှိလာစေတဲ့ အွန်လိုင်းဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

“ဒီ လုပ်ငန်းက အလွန်အမင်း စိတ်သောကများနေပြီး စိတ်ဖိစီးမှုတွေ ရှိနေရတဲ့ အသုဘမှာ အဆင်ပြေချောမွေ့အောင် တစ်ဖက်တစ်ကမ်းက အကူအညီ ဖြစ်စေပါတယ်။”လို့ နာရေးရှင်တစ်ဦးဖြစ်တဲ့ မီဟာက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly