4230mAh ဘက်ထရီနဲ့ အရမ်းရမ်းကို မိုက်နေတဲ့ OPPO A7 ပြည်တွင်းဈေးကွက် ကို ရောက်လာပြီနော်

4230mAh ဘက်ထရီနဲ့ အရမ်းရမ်းကို မိုက်နေတဲ့ OPPO A7 ပြည်တွင်းဈေးကွက် ကို ရောက်လာပြီနော်

ယခုခေတ်မှာ စမတ်ဖုန်းဆိုတာဟာ လူတိုင်းရဲ့နေ့စဉ်အသုံးဆောင်တစ်ခု ဖြစ်သလိုု အမြဲထက်ကြပ်မကွာရှိနေတဲ့ အရာတစ်ခုလည်း ဖြစ်လာပါတယ်။နေ့စဉ် ဖုန်းပြောမယ်၊ အင်တာနက်သုံးမယ်၊ ဂိမ်းကစားမယ် ဆိုတဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် လိုအပ်တာကတော့ တာရှည်ခံပြီး အသုံးခံနိုင်တဲ့ battery သက်တမ်းပါတဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ မကြာသေးခင်မှ မိတ်ဆက်လိုက်တဲ့ OPPO A7 ဟာဆိုရင် ဘက်ထရီအသားပေးဖုန်းတစ်လုံး ဖြစ်တာကြောင့် ဖုန်းအသုံးများသူတွေ သာမက ဂိမ်းဝါသနာအိုးတွေပါ အသားပေး ရွေးချယ်သင့်တဲ့ ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။ A7 မှာ အရွယ်အစားကြီးမားပြီး တာရှည်ခံတဲ့ ဘက်ထရီပမာဏ 4230 mAh ပါဝင်လာတဲ့ အညီ သုံးစွဲသူတွေအနေနဲ့ Standby Modeကို နာရီပေါင်း ၄၁၀ ခန့်၊ သီချင်းနားထောင်တာကို ၁၆၀ နာရီခန့်၊ ဗီဒီယိုကြည့်တာကို ၁၇ နာရီခွဲခန့်၊ ပုံမှန်ဖုန်းသုံးတာကိုတော့ ၁၉ နာရီခန့်အထိ လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် AndroidOS 8.1အခြေခံထားတဲ့ ColorOS 5.2 Version အသစ်ပါ ထည့်သွင်းထားတာကြောင့်လည်း CPU နဲ့ GPU လုပ်ဆောင်ရည်တို့ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဖုန်းစွမ်းဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေမှာပါ။ AI ဘက်ထရီ လုပ်ဆောင်ချက်ပါရှိတာကြောင့်လည်း အသုံးနည်းတဲ့ Application တွေကို Auto Sleep Mode ဖြစ်စေပြီး မလိုအပ်တဲ့ Cache Data အပိုတွေကို နည်းပါးစေတာကြောင့် ဘက်ထရီအားကို ပိုတာရှည်ခံစေမှာပါ။

ဂိမ်းဝါသနာအိုးတွေအတွက် A7 မှာ Game Space built in ထည့်သွင်းထားလို့ ဂိမ်းတွင်းစွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးအပြင် ကြီးမားတဲ့ဘက်ထရီပမာဏကတော့ ဂိမ်းကစားရင်း အားကုန်သွားတဲ့ ဒုက္ခတွေ၊ ဖုန်း heat တက်ခြင်း ဒုက္ခတွေကိုလည်း လျှော့နည်းစေမှာပါ။ A7 ရဲ့ Game Space မှာဆိုရင် ဂိမ်းကစားသူတွေက Performance Mode ကို High Performance၊ Balance နှင့် Low Power ဆိုပြီး မိမိစိတ်ကြိုက်ရွေးချယ် ကစားနိုင်မှာဖြစ်လို့ ပေါ့ပါးသွက်လက်ပြီး အကောင်းဆုံးသော gaming experience ကို ပေးနိုင်မည့် စမတ်ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။

ဒါ့အပြင် Smart Side bar ကလည်း အနှောက်အယှက် ကင်းကင်းနဲ့ ကိုယ်ဖွင့်ချင်တဲ့ App တွေကို အမြန်ဆုံးဖွင့်နိုင်မှာ ဖြစ်လို့ gamer  တွေအတွက် အင်မတန်မှ အသုံးဝင်တဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေ အနေနဲ့ App Split-screen၊ Assistive Ball၊ Screen Recording နှင့် Clone Apps စနစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

ခန့်ညားလှပပြီး အနုပညာဆန်တဲ့ 3D ဖန်သားပုံစံ ဂရစ်လိုင်းသဏ္ဍာန် နောက်ခံဒီဇိုင်း နှင့် မျက်နှာပြင်ပေါ်မှာရေစက်လေး တစ်စက်တွဲခိုနေဟန်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ A7 ဟာဆိုရင် လူငယ်တွေစိတ်တိုင်းကျစေမည့် ဖက်ရှင်ကျကျ ကျော့ရှင်းလှပတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း A7 မှာ အဆင့်မြင့်နည်းပညာ AI Beauty 2.0 ထောက်ပံ့ထားတဲ့ 16MP ရှေ့ကင်မရာ နှင့် 13MP+2MP နောက်ကင်မရာ ၂ လုံး ပါဝင်သည့်အပြင် ချစ်စရာကောင်းတဲ့ AR Stickers တွေလည်း ထည့်သွင်းပေးထားတာကြောင့် ထူးခြားဆန်းပြားပြီး ပျော်ရွှင်စရာ ပုံရိပ်တွေကို ဖန်တီးနိုင်မှာပါ။  ဒီ OPPO A7 ကိုတော့ ပြည်တွင်းဈေးကွက်မှာ Glaring Gold နှင့် Glaze Blue အရောင်နှစ်မျိုးကိုဖြင့် မြန်မာကျပ် (၂၉၉၉၀၀) တည်းဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags