အမေရိကန်နိုင်ငံတွင်းသို့ ဥပဒေမဲ့ ခိုးဝင်မယ့် ရွှေ့ပြောင်းသူတွေကို မက္ကဆီကို နယ်နှင်မည်

အမေရိကန်နိုင်ငံတွင်းသို့ ဥပဒေမဲ့ ခိုးဝင်မယ့် ရွှေ့ပြောင်းသူတွေကို မက္ကဆီကို နယ်နှင်မည်

မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၂၆ ။        ။ မက္ကဆီကိုနိုင်ငံဟာ ၎င်းရဲ့ နယ်စပ် တီဂျူယာနာမြို့ကနေ အမေရိကန်နိုင်ငံတွင်း အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းသူတွေကိို နယ်နှင်တော့ဖို့ ရှိနေပါတယ်။

နယ်စပ်မှာ ခုလို အမေရိကန်နိုင်ငံထဲ အတင်းဝင်ရောက်ဖို့ တနင်္ဂနွေက ကြိုးစားခဲ့ကြရာမှာ အမေရိကန်ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နင်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ ရှိပုံမရပါဘူး။

“အမျိုးသားရွှေ့ပြောင်းသူရေးရာအဖွဲ့က ဥပဒေထုတ်ပြီး ဒီရွှေ့ပြောင်းသူတွေကို ချက်ချင်း နယ်နှင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”လို့ မက္ကဆီကို အစိုးရဝန်ကြီး အယ်ဖွန်ဆိုနာဗာရီတီက ပြောပါတယ်။

မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်ကြား တီဂျူယာနာမြို့က နယ်စပ်ဂိတ်ကို ဖြတ်လိုကြတဲ့ ရာပေါင်းများစွာ ရွှေ့ပြောင်းသူတွေမှာ ပြဿနာရှာတဲ့ လူအုပ်စုတစ်ရပ် ပါဝင်နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဟွန်ဒူးရပ်စ်ကနေ ခြေလျင်ခရီးနဲ့ မက္ကဆီကိုဖြတ်ပြီး အမေရိကန်နယ်စပ်နား ရောက်နေတဲ့ ရွှေ့ပြောင်းသူလူအုပ်ကြီးက တစ်ချို့တွေဟာ အကြမ်းဖက်တဲ့ လုပ်ရပ်အဖြစ် နယ်စပ်စည်းရိုးတွေကို ချိုးဖောက်ပြီး အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားကြတာကြောင့် အမေရိကန်ရဲတွေက နှိမ်နင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီိလို ဥပဒေမဲ့ လုပ်ဆောင်သူတွေကို မက္ကဆီကို နိုုင်ငံတွင်းကနေ နှင်ထုတ်ဖိို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags