မကွေးတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်း တတိယအများဆုံး ဖြစ်ပွားခဲ့

မကွေးတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်း တတိယအများဆုံး ဖြစ်ပွားခဲ့

မကွေး၊ နိုဝင်ဘာ ၂၆ ။                 ။ မြန်မာနိုင်ငံအတွင်း(၂၀၁၇)ခုနှစ် တိုင်းနှင့်ပြည်နယ်များ၏ သက်ငယ်မုဒိမ်းဖြစ်ပွားမှုစစ်တမ်းအရ မကွေးတိုင်းဒေသကြီးတွင် တတိယအများဆုံးဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောသည်။

“ကမ္ဘာအနှ့ံမှာ အမျိုးသမီးများအပါ် နည်းမျိုးစုံနှင့်အကြမ်းဖက်မှုများရှိနေသလို မြန်မာနိုင်ငံတွင်း၌လည်း ဖြစ်ပွား နေပါတယ်။ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မြို့ပေါ်နေပြည်သူများအနေဖြင့် အသိပညာဗဟုသုတရရှိ သော်လည်း ကျေးလက်နေပြည်သူများမှာ ဗဟုသုတရရှိမှုနည်းပါးနေပါတယ်” မကွေးတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေးကပြောသည်။

မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် နိဝင်ဘာလ(၂၅)ရက် ညနေ(၃)နာရီအချိန်ကကျင်းပခဲ့သည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု ဖွင့်ပွဲ အခမ်း အနားတွင် အဖွင့်အမှာစကားပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၇ ခုနှစ် စစ်တမ်းအရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မကွေးတိုင်းဒေသကြီးက သက်ငယ်မူဒိမ််းမှုဖြစ်ပွားမှု တိုင်းနဲ့ပြည်နယ်မှာ တတိယအများဆုံးလို့သိရပါတယ်။SCVG ဆိုရှယ်ဘော်လန်နီယာဂရု၏(၂၀၁၇-၂၀၁၈) ခုနှစ်အစီအရင်ခံစာမှာဆိုလျှင် ဖြစ်ပွားခဲ့တဲ့အမှု(၆၀) အားစမ်းသပ်ရင် ကျေးလက်ဒေသမှာ (၈၀)ရာခိုင်နှုန်း အထိ ဖြစ်ပွားကြောင်း ၊ယင်း(၈၀)ရာခိုင်နှုန်း အကြမ်းဖက်မှုဖြစ်ပွားတဲ့အထဲမှ အကြမ်းဖက်အကျူးလွန်ခံရသူ များဟာ အသက်(၁၁နှစ်မှ၁၅နှစ်)အတွင်းကလေး(၆၈) ရာခိုင်းနှုန်းဖြစ်ပြီး ကျူးလွန်သူများရဲ့ အသက်ဟာ (၁၈နှစ်မှ ၃၅နှစ်) အတွင်း(၆၄)ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရပါတယ်။ ကျူးလွန်တဲ့သူတွေက ကလေးငယ်တွေ ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ကျူးလွန်နေတာကို သတိပြုဖွယ်အဖြစ် တွေ့ရှိရမှာ ဖြစ်ပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး ကပြောသည်။

အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှု တာဆီးကာကွယ်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီး ဌာနအနေနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း ယင်းဖြစ်စဉ်များ ပပျောက်ရေးအတွက် အစိုးရ၊လွှတ်တော်၊အရပ်ဖက်အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ မီဒီယာများ ပူးပေါင်း၍ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးကြရန် ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ၊မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနမှတိုင်းဦးစီးမှူး နှင့်ဝန်ထမ်းများ Unicef မှတာဝန်ရှိသူများ ၊SCVGအဖွဲ့တာဝန်ရှိသူများ မကွေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများမှပူးပေါင်းဆောင်ရွက် ကြောင်းသိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required