ဘုတ်ပြင်း၌ ဘိလပ်မြေတင်ဆောင်လာသော စက်လှေနစ်မြှုပ်

ဘုတ်ပြင်း၌ ဘိလပ်မြေတင်ဆောင်လာသော စက်လှေနစ်မြှုပ်

ဘုတ်ပြင်း၊ နိုဝင်ဘာ ၂၆ ။            ။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာရှိ ဆိပ်ကမ်း၌ ရပ်နားထားသည့် ဘိလပ်မြေ အိတ်ရေ ၂၀၀၀ နီးပါး တင်ဆောင်လာသော သူရိယစက်လှေသည်၊ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ပိုင်းတွင် နစ်မြှုပ်ခဲ့ သည်။

 အဆိုပါ စက်လှေ၌ ဘိလပ်မြေ အိတ် ၂၀၀၀ နီးပါး သည်၊ အလယ်မန်ကျေးရွာအုပ်စု ကျေးရွာချင်း ဆက် လမ်းခင်းရန် တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

 ဘုတ်ပြင်းမြို့နယ်၊ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်က “စက်လှေ နစ်မြှုပ်တာက မနက် ၁၁ နာရီခွဲ လောက်မှာ ဖြစ်တာပါ၊ ဘိလပ်မြေတွေ တင်ဆောင်လာတဲ့ စက်လှေ ဖြစ်ပါတယ်၊ ရေကြီးချိန်မှာ ဆိပ်ကမ်းမှာ ရပ်နားထားရာမှ ရေပြန်ကျတော့ သစ်ငုတ်နဲ့ ထိုးမိပြီး၊ နစ်မြှုပ်တာ ဖြစ်တယ်”ဟု ပြောသည်။

 ယင်းစက်လှေသည်၊ နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် ရပ်နားထားခြင်း ဖြစ်ပြီး၊ ရေပြန်ကျ ချိန်တွင် နစ်မြှုပ်မှု ကြောင့် ဘိလပ်မြေ အိတ်ရေ ၂၀၀၀ နီးပါး အနက် ၉၀၀ အိတ်ခန့်သည်၊ ရေစို ဆုံးရှုံးခဲ့သည်။

 လက်ရှိ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ ဘိလပ်မြေ တင်ဆောင်လာသော စက်လှေနှင့် တာဝန်ယူ ထားသော ကုမ္ပဏီမှ မည်သို့ ပြန်လည်ဆောင်ရွက်ပေးမည်ဆိုသည်ကို အဆက်သွယ်မရသေးကြောင်း ဘုတ်ပြင်းမြို့နယ်၊လွှတ်တော်ကို်ယ်စားလှယ်ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly