ကျောက်မဲမြို့နယ်တွင် ဗုဒ္ဓဆင်းတုတော်များ တူးဖော်တွေ့ရှိ

By မျိုးထွန်းနိုင်
26 November 2018
ကျောက်မဲမြို့နယ်တွင် ဗုဒ္ဓဆင်းတုတော်များ တူးဖော်တွေ့ရှိ
ဓာတ်ပုံ- ပြည်ထဲရေးဝကြီးဌာန

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။                            ။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ၊ကျွဲကုန်းကျေးရွာတွင် ဗုဒ္ဓဆင်းတုတော် ၄၈ ဆူကို တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ စေတီဟောင်း ၁ ဆူအား ပြန်လည်ပြုပြင်မွမ်းမံရန် ရွာသူရွာသား ၅၀ ဦးခန့်က ခြုံနွယ်များရှင်းလင်းစဉ် ဉာဏ်တော် ၁၂ လက်မခန့်ရှိ ကြေးဆင်းတုတော်(၃၃)ဆူ၊ ဉာဏ်တော် ၆ လက်မခန့်ရှိ ဖန်ဆင်းတုတော်(၄)ဆူ၊ ကျောက်စိမ်း ဆင်းတုတော်(၆)ဆူ၊ ပန်းပေါင်းဆင်းတုတော်(၅)ဆူ၊ စုစုပေါင်း ဗုဒ္ဓဆင်းတုတော်(၄၈)ဆူကို တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆင်းတုတော်များကို ကျွဲကုန်းဘုန်းကြီးကျောင်း၌ အပူဇော်ခံထားရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly