မင်းတုန်းမြို့နယ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူများကို ဖမ်းမိ

မင်းတုန်းမြို့နယ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူများကို ဖမ်းမိ

မကွေး၊နိုဝင်ဘာ ၂၅ ။         ။ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် နိုဝင်ဘာလ ၂၅ ရက်နံနက် ၇ နာရီအချိန်က တရားမဝင် ဝင်ရောက်လာသော အထောက်အထားမဲ့များကို ဖမ်းမိခဲ့ကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိသော အထောက်အထားမဲ့ ဝင်ရောက်လာသူများတွင် ကျား(၄)ဦး၊ မ(၂)ဦးစုစုပေါင်း(၆)ဦး၊ ယာဉ်မောင်း နှစ်ဦးနှင့်တောတွင်း လမ်းပြ(၂)ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

"နံနက်(၃)နာရီ(၁၅)မိနစ် အချိန်မှာ ပုသိမ်-မုံရွာကားလမ်း နဘေးမိုင်တိုင်(၂၃၇/၃)အနီး လှည်းလမ်းမှာ  caldina ယာဉ်ရပ်ထားပြီး အဲဒီယာဉ်ပေါ်ကို လူတွေတက်သွားတာမြင်လိုက်လို့ တားမြစ်စစ်ဆေးဖို့သွားတဲ့ အချိန်မှာ ယာဉ်က မင်းတုန်းဘက်ကို မောင်းပြေးသွားခဲ့တယ်။ အဲဒီနေရာကနေ လှည်းလမ်းဘေးကို လိုက်လံရှာဖွေမိတော့ မီးလောင်ကုန်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာနေထိုင်သူ အောင်ဆန်း(၃၀)နှစ်နဲ ့မီးလောင်ကုန်းကျေးရွာ အုပ်စုထဲကပဲ ငငြုပ်ကောင်းတဲတိုက် နေထိုင်သူ မောင်ဖိုး(၃၃)နှစ်ကို မသင်္ကာဖွယ်ရာတွေ့ရှိရလို့ စစ်ဆေးကြည့်တော့ ကနဦးမောင်းပြေးသွားတဲ့ယာဉ်ပေါ်ကို တရားမဝင်တွေ တင်ပေးလိုက်ကြောင်း ထွက်ချက်ပေးခဲ့ပါတယ်" ဟု ရေနံမနယ်မြေစခန်းမှူး ရဲအုပ် မျိူးမင်းထွန်း ကပြောသည်။

အဆိုပါ ဖြစ်စဉ်အတွက် လမ်းကြောများ ပိတ်ဆို့၍ စစ်ဆေးရှာဖွေမှုပြုလုပ်ခဲ့ရာပုသိမ်-မုံရွာ ကားလမ်းမ(၂၂၇/၂)အနီးတွင် ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား လူမရှိဘဲရပ်ထားသည်ကို တွေ့ခဲ့ရကြောင်း ထိုမှတဆင့် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ်နှင့် (၂)ဖာလုံခန့်အကွာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၄င်းတို့အား စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသူများကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို တောထဲတစ်နေရာတွင် ဝှက်ထားကြောင်း ဝန်ခံထွက်ဆိုသဖြင့် လိုက်လံပြသခိုင်းရာ ပုသိမ်-မုံရွာကားလမ်းမမိုင်တိုင် (၂၂၇/၁) အနီးရှိ အနောက်ဘက်တောစပ် လျှိုအတွင်း၌ တရားမဝင် ဝင်ရောက်လာသူ (၆)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ တရားမဝင် အထောက်အထားမဲ့များ အပါအဝင် ၄င်းတို့ကို သယ်ဆောင်လာသည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် နေထိုင်သော ယာဉ်မောင်းမျိုးဝင်း(၃၃)နှစ်နှင့် သူရဇော်(၃၄)နှစ်တို့အပါအဝင် လမ်းပြပို့ဆောင်ပေးသော မောင်ဖိုးနှင့် အောင်ဆန်း တို့အား မင်းတုန်းမြို့မစခန်းသို့လွှဲပြောင်းကာ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly