ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွားရေယာဉ် မကွေးသို့ ဆိုက်ကပ်

ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွားရေယာဉ် မကွေးသို့ ဆိုက်ကပ်

မကွေး၊ နိုဝင်ဘာ ၂၄ ။            ။ ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ် မြစ်ဧရာမှာထပ်ဆင့်ပွား အစီအစဉ်ကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင် ပြည်ကြီးတံခွန် (၄) ရေယာဉ်ဖြင့် ၂၀၁၈ခုနှစ် နိဝင်ဘာ ၁၅ရက်နေ့စတင်၍ မန္တလေး ဧရာဝတီမြစ်ကြောင်းအတိုင်း စတင်ထွက်ခွာလာခဲ့ရာ ၂၀၁၈ခုနှစ် နိဝင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မကွေးမြို့ ့ညောင်ကိုးပင် ကမ်းပါးဆိပ်ကိုရောက် ရှိလာခဲ့သည်။

အဆိုပါခရီးစဉ်ကို မကွေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မကွေးပရဟိတအဖွဲ့များ၊ မကွေး မင်းလှ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ ့အစည်းအဖွဲ့ဝင်များ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံများက ကြိုဆိုခဲ့ကြ သည်။

ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေးခရီးစဉ်သည် နိဝင်ဘာ ၁၅ရက်နေ့က မန္တလေးမြို့မှ စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၁ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး (၂၇) ရက်ကြာမြင့်သည့် ခရီးစဉ်ဖြစ်သည်။

လမ်းခရီးတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့များဖြစ်သော မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆီမီး ခုံမြို့၊ ပခုက္ကူမြို့၊ ညောင်ဦး-ပုဂံမြို့၊ ချောက်မြို့၊ စလေမြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့-နတ်မောက် မြို့၊ မလွန် မြို့၊ ဆင်ပေါင်ဝဲမြို့၊ အောင်လံမြို့၊ ကမ္မမြို့၊ ပြည်မြို့၊ ထုံးဘိုမြို့၊ မြန်အောင်မြို့၊ ရွှေကျင်မြို့၊ ပျဉ်းကတိုး ကုန်းမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့၊ တွံ့တေးမြို့၊ ရန်ကုန်မြို့အပါအဝင် စုစုပေါင်း (၂၇)မြို့သို့ဝင်ရောက် ဆိုက်ကပ်ရပ်နားပြီး ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပခြင်း နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly