အသဲနှလုံးမရှိသူ တေးသံရှင် အောင်ကောင်းမြတ်နှင့် တွေ့ဆုံခြင်း

အသဲနှလုံးမရှိသူ တေးသံရှင် အောင်ကောင်းမြတ်နှင့် တွေ့ဆုံခြင်း

တက်သစ်စ ဂီတဝါသနာရှင် လူငယ်များကို လမ်းကြောင်းတစ်ခုဖော်ဆောင် ပေးထားတဲ့ အစီအစဉ် Rising Star မှ တေးသံရှင် အောင်ကောင်းမြတ်ရဲ့ ရင်တွင်းစကားသံ . .

မေး။ ။ မင်္ဂလာပါ အခွေလည်း ထွက်ရှိထားတယ်ဆိုတော့ ဂီတလမ်းကြောင်းပေါ်ကို ဘယ်လိုမျိုးပုံစံနဲ့ရောက်လာတာလဲ   ဂီတမျိုးရိုးရှိလားဆိုတာလည်း သိပါရစေညီလေး။

ဖြေ။ ။ ဂီတမျိုးရိုးကတော့ ကျွန်တော်တို့မှာ မရှိဘူး ကျွန်တော့်အမျိုးထဲမှာဆိုရင် ဒီအခွေက ပထမဆုံးပဲပေါ့နော်။ ဂီတဝါသနာပါတာက ကျွန်တော် ငါးတန်းဘဝလောက်က ကျွန်တော် ဂီတမိတ်မှာ စန္ဒယားစတီးတာပေါ့နော်၊ ဒါကတော့ အဆိုပိုင်းမဟုတ်သေးဘူးပေါ့ စန္ဒယားတီးဝါသနာပါတယ် ဆိုတော့ စန္ဒယားတောက်လျှောက်တီးလာပြီးတော့ ၁ဝတန်းလောက်ထိကို ကျွန်တော်သင်တယ် သင်ပြီးတော့မှ ၁ဝတန်းဖြေပြီးတဲ့အချိန်မှာမှ တက္ကသိုလ်ဘာညာတက်တဲ့အချိန် သီချင်းဆိုတာစပြီးတော့ ဝါသနာပါတာပေါ့နော် ၊ပါလာတာနဲ့ ဒီဟာလေး စလုပ်ကြည့်မယ်ဆိုပြီးတော့ လုပ်ဖြစ်ခဲ့တာ။

မေး။ ။ စလုပ်တဲ့အချိန်မှာ   ကိုဝေ ဆီကို ရောက်သွားပြီး ဘယ်လိုပုံစံနဲ့ သူ့ဆီကသီချင်းကို လွဲပေးလဲဆိုတာ သိပါရစေညီလေး။

ဖြေ။ ။ အဲ့ဒါပြောရင် နဲနဲထူးဆန်းတယ်ဗျ၊ ကျွန်တော်က ဒီအခွေစလုပ်မယ်ဆို ကျွန်တော် ကိုဝေဆီက သီချင်းကို အရမ်းဆိုချင်တယ်၊ ဆိုချင်တဲ့အချိန်မှာ ကိုဝေကြီး ဆီကို ကျွန်တော် ဘယ်လိုဆက်သွယ်ရ မှန်း မသိဘူးဖြစ်နေတာ အဲ့ဒီချိန်မှာ ကျွန်တော့ ဆရာဦးကျော်မင်းထွန်း ၊ အိမ်မှာ ဆရာက စက်ပစ္စည်းလုပ်တဲ့အချိန်မှာကျတော့ ကိုဝေကြီးက စပီကာနှစ်လုံးလုံးကို ရောင်းဖို့ရှိတယ် ၊ ရောင်းဖို့ရှိတော့ ဆရာကဖုန်းဆက်တယ် ဆရာကလည်း ကိုဝေကြီးမှန်းမသိဘူး ဖုန်းဆက်တဲ့အချိန်မှာ ဖုန်း Ringtone က ကိုဖြိုးပြည့်စုံရဲ့ အသဲကွဲဧည့်သည် ဆိုတဲ့သီချင်းလေးကို ဖုန်း Ringtone ထားတာ ကျွန်တော်က စပီကာဖွင့်ရင်း နားထောင်တယ် ဖုန်းပြောတဲ့အချိန်ကျတော့ ကိုဝေကြီးအသံနဲ့တူတယ် ၊ တူတော့ ကျွန်တော်ဆရာကိုမေးတယ် ဆရာလို့ မေးကြည့်ပါလား ကိုဝေကြီးလား တေးရေးဝေကြီးလား ဆိုတာ ဟုတ်တယ်တဲ့၊ အဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာ ကျွန်တော်ကလဲ ကိုဝေကြီး ဆီက သီချင်း ဘယ်လိုဆက်သွယ်ရမှန်းမသိဘူး။ အဲ့ဒီအချိန်မှာမှ ဆရာက ကိုဝေကြီးဆီ ဖုန်းဆက်တယ် ဆိုတော့ အဲ့ဒါဆိုရင်တော့ ကိုဝေကြီး ဆီသွားလိုက်မယ်ပေါ့နော် ၊ အဲ့ဒီမှာ အဆက်အသွယ် စရတယ် ။ အဆက်အသွယ်ရတော့ ဆရာရယ် ကျွန်တော်ရယ် ကျွန်တော့ အမေရယ်ပေါ့ ကိုဝေကြီးဆီသွားပြီးတော့မှ ဒီအသဲနှလုံးမရှိတဲ့သူဆိုတာ ကိုဝေကြီးဆီက ရောက်ရောက်ချင်း ပထမဦးဆုံးသီချင်းလေးပေါ့။

မေး။ ။ အသဲနှလုံးမရှိတဲ့သူ ဆိုတဲ့သီချင်းက ကိုဖြိုးပြည့်စုံရဲ့ Title Song နဲ့လည်းတူနေတယ်ဆိုတော့ ဒီ Title Song နှစ်ခု တူတဲ့အပေါ်ကော ရေးတာကလည်း ကိုဝေကြီးပဲရေးတယ် ဆိုတာပဲကွဲသွားတယ် ပေါ့နော် ဒီအပေါ်မှာပေါ့ရော ညီလေးအနေနဲ့ဘာများပြောချင်းသေးလဲ။

ဖြေ။ ။ ဒါက သီချင်းခေါင်းစဉ်တူတာကတော့ ခပ်ဆင်ဆင်လေးပေါ့ ကျွန်တော့လဲ အသဲနှစ်လုံးမရှိတဲ့သူ ကိုဖြိုးပြည့်စုံက အသဲနှလုံးမရှိတဲ့လူ ကိုဝေကြီးရေးတယ် တီးတာကလဲ ထူးဆန်းသွားတာက band တစ် Band တည်းမှာ သီချင်းနှစ်ပုဒ်ကို တီးထားတာ။ ဒီပေါ်မှာ ကျွန်တော်ကတော့ ဘာမှပြောစရာ မရှိပါဘူး ဘာလို့လဲဆိုတော့ ကိုဝေကြီးကလဲ သီချင်းပေါင်းများစွာကိုရေးလာတဲ့ တေးရေးတစ်ယောက် ဆိုတော့ ဒီသီချင်းခေါင်းစဉ်ကိုတော့ သူမှတ်မိချင်မှ မှတ်မိမယ်ပေါ့ ကျွန်တော့်ကို ပေးထားတာကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရထားတယ်၊ ရထားတော့ သူဒီခေါင်းစဉ်ကို မေ့ပြီးတော့မှ ကိုဖြိုးပြည့်စုံ ကို နောက်ထပ် အသစ်ရေးပေးလိုက်တော့ ဒါက တိုက်ဆိုင်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ။ ဖြစ်မယ်ပေါ့ အဲ့ဒီတော့ ကျွန်တော်ကတော့ ဘာမှပြဿနာတော့ မရှိပါဘူး၊ ဘာလို့ဆိုတော့ သီချင်းက ကျွန်တော်တို့စဖွင့်လိုက်တည်းက ဒီ Music အစမှာကတည်းက ဒါဘယ်သူ့သီချင်းလည်း ဆိုတာ ကွဲပြားနေတယ် နောက်ပြီးတော့ သီချင်းအကြောင်းအရာလေးကလည်း မတူဘူးပေါ့နော်။

မေး။ ။ ညီလေးက အသက်လည်း ငယ်သေးတယ်၊ ကိုယ်ပိုင်အခွေလည်းထွက်ရှိထားတယ် ဆိုတော့ ညီလေးရဲ့ နောက်ကနေ ပံ့ပိုးနေတဲ့မိဘတွေပေါ့နော် မိဘတွေရဲ့ပံ့ပိုးမှုကိုလည်း သိပါရစေညီလေး။

ဖြေ။ ။ ကျွန်တော်အဖေ နဲ့ အမေကတော့ အဓိကပံ့ပိုးပေးနေတာပေါ့နော်၊ သူတို့ပဲ အစအဆုံးအကုန် လိုက်လုပ်ပေးတယ်၊ ဒီသီချင်းရွေးတာကအစ စီထားတဲ့သီချင်းတွေက ကျွန်တော်အဖေပဲစီတာ၊ ကျွန်တော့်မိဘနှစ်ပါးရဲ့ အနောက်ကပံ့ပိုးပေးနေတာကတော့ ကျွန်တော့်အတွက် တစ်ရာ ရာခိုင်နှုန်း အပြည့်အဝ ပါပါတယ်။

မေး။ ။ ဂီတကိုကော ဘယ်အချိန်ကတည်းက စိတ်ဝင်စားတယ်ဆိုတာ ကိုယ့်ကိုကိုယ် သတိထားမိတာမျိုးကောရှိလား။

ဖြေ။ ။ ဂီတကို ကျွန်တော် စပြီးတော့ စိတ်ဝင်စားတာက ကျွန်တော်သီချင်းမဆိုခင်မှာ ငါးတန်းကျောင်းသားကတည်းက ဂီတမိတ်မှာ ကတည်းက စန္ဒယားတီးတာ သင်တာ ဒီနေ့အထိပေါ့နော် ဒီနေ့အထိ ကျွန်တော် သိပ်မအားတော့ မသွားဖြစ်ဘူး၊ ၁ဝတန်းအထိ တောက်လျှောက်သင်နေတာ ဆယ်တန်းပြီးသွားတဲ့အချိန်မှာမှ ကျွန်တော် သီချင်းဆိုချင်တဲ့စိတ်က ဖြစ်လာတာ အဲ့ဒီအချိန်မှာ စပြီးတော့ ဝါသနာက ဝင်လာတယ်လို့ထင်တယ်။

မေး။ ။ ဒါဆိုလို့ဆိုရင် ဂီတမိတ်မှာလည်း စန္ဒယားသင်တယ်ဆိုတော့ နောက်ပိုင်း Music တွေမှာ ဖန်တီးလို့ရှိရင် ကိုယ်ပိုင်စန္ဒယားတီးပြီးတော့ကော ဆိုမယ့်သီချင်းမျိုးကော ရှိလား။

ဖြေ။ ။ ဟုတ် ရှိတယ်ဗျ၊ အဲ့ဒီလိုမျိုးလုပ်ထားတာတော့ ရှိတယ် ဒုတိယအခွေထဲမှာ ဆိုရင်လည်း ကိုဝေကြီးပဲ ကျွန်တော့်ကိုရေးပေးထားတဲ့သီချင်းလေးပေါ့နော် အဲ့ဒါကတော့ piano only လေးပေါ့ ၊ ကျွန်တော်က piano သမားဖြစ်တဲ့အတွက် ဒီဟာလေးဆိုချင်လို့ ကိုဝေကြီးကို ကျွန်တော်က  ရေးပေးပါဆိုလို့ ရေးပေးခိုင်းတာ ဒါကတော့ second album ထဲမှာ ထွက်လာမယ့်ဟာတွေပါ ။

မေး။ ။ ဒါဆိုလို့ရှိရင် second အလ်ဘမ်လည်း လုပ်နေပြီဆိုတော့ ဘယ်အခြေအနေထိ ဘယ်နှစ်ရာခိုင်နှုန်းရောက်ပြီလဲဆိုတာ သိပါရစေ။

ဖြေ။ ။ second album ကတော့ အခုကျွန်တော်တို့ တီးနေတာကတော့ နှစ်ပုဒ်တောင်၊ အချော မပြီးသေးဘူး၊ အခုမှစပြီတော့ လုပ်နေတုန်းဆိုတော့ နောက်နှစ် ကြာတော့ကြာဦးမယ်ဗျ၊ တစ်နှစ်ခွဲလောက်တော့ အချိန်ယူရအုန်းမယ်။

မေး။ ။ Music ပိုင်းဆိုရင်လည်း အများကြီးတီးထားတယ် ဆိုတော့ ဒီအခွေကလည်း တကယ့်ကို ကောင်းတဲ့အခွေတစ်ခွေလို့ အစ်ကိုတို့လည်း လက်ခံထားတယ်လေ၊ လက်ခံတယ်ဆိုတော့ ဒီ အသဲနှစ်လုံးမရှိတဲ့သူ MTV ရိုက်တုန်းက အတွေ့အကြုံလေးလည်းသိချင်တယ်။

ဖြေ။ ။ MTV ရိုက်တဲ့အတွေ့အကြုံ ကျွန်တော်ကတော့ သီချင်းပဲဆိုတတ်တာပေါ့နော် ၊ သရုပ်ဆောင်တွေကျ ကျွန်တော်မလုပ်တတ်ဘူးဗျ။ မလုပ်တတ်တော့ အခက်အခဲတော့ရှိတယ် ။ သရုပ်ဆောင်တဲ့နေရာတွေမှာ အခက်အခဲရှိတယ် ဒါပေမယ့် ဒါရိုက်တာကလည်း သင်ပေးတယ်၊ ဒါရိုက်တာနဲ့ ကျွန်တော်ကလည်း ခင်နေတာ ညီအစ်ကိုလိုဖြစ်နေတာ နောက်ပြီး ကင်မရာကိုင်တဲ့ ကိုအာကာတိုးနဲ့ကလည်း ညီအစ်ကိုလိုဖြစ်နေတော့ အခက်အခဲတော့ သိပ်ပြီးတော့မရှိဘူး ၊ ရှူတင်ပေါ်မှာ ပျော်ပျော်ပါးပါးပဲ ကျွန်တော်မှားသွားလို့ဆိုရင်လည်း ပြန်ပြီးတော့ ညီလေးအဲ့ဒီလိုမလုပ်နဲ့ ပြင်ပြီးတော့ လုပ်လိုက် ၊ အဲ့ဒီလိုမျိုးပေါ့နော် အခက်အခဲတွေကတော့ အဲ့ဒါပါပဲ။

 မေး။ ။  အချစ်ကတစ်ရာ ဒဏ်ရာတစ်သိန်း ဆိုတဲ့ ဒီသီချင်းရေးတဲ့ အကြောင်းအရာလေးကို ပရိသတ် သိအောင်ပြောပြပေးပါဦးခင်ဗျား။

ဖြေ။ ။ သီချင်းစတိုင်ကတော့ ကိုယ်ရေးနေကျ စတိုင်မျိုးပဲပေါ့နော် ဒါပေမယ့် ဒီကြားထဲမှာ ထူးခြားတာ က Title  လေးမှာပါတဲ့စာသားလေးပေါ့၊ အချစ်ကတစ်ရာ ဒဏ်ရာကတစ်သိန်း အချစ်က နဲနဲပဲရှိတယ် ပေါ့နော်။ ဒါပေမယ့် ဒဏ်ရာကတော့ အများဆုံး ချစ်ပြီးလို့ အမြဲတမ်း အသဲကွဲတဲ့ အခါကျရင် ဒဏ်ရာတွေ များလို့ ဒါ ဖြစ်တတ်တဲ့ ပြဿနာပေါ့။ အဲ့ဒါလေးကိုပဲ အခြေခံထားတာပေါ့။ နဲနဲ Slow လေးပေါ့။

ကျွန်တော်ရဲ့ အသဲနှလုံးမရှိတဲ့သူ ဆိုတဲ့သီချင်းကို အွန်လိုင်းမှာ စတင်ကတည်းကအားပေးနေတဲ့ ပရိသတ်တွေရော ဒီအခွေထွက်မှ အားပေးတဲ့ပရိသတ်တွေရော ဒီ မစ္ဇျိမ အစီအစဉ်လေး ကြည့်ပြီး အားပေးနေတဲ့ပရိသတ်တွေအားလုံး ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ် ။ နောက်ထပ်လည်း ပရိသတ်တွေအတွက် ကျွန်တော် အသစ်အသစ်သော Music တွေနဲ့ MTV ကို ဆက်ပြီးတော့ ကျွန်တော် ကြိုးစားသွားပါ့မယ်၊ တတ်နိုင်သလောက်။ အဲ့ဒီတော့ ကျွန်တော်ကို ဆက်ပြီးတော့ အားပေးကြပါဦးလို့ပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီ အသဲနှလုံးမရှိတဲ့သူ ဆိုတဲ့ MTV လေးကလည်း  Mizzima Channel မှာလည်း လွှင့်ပေးတဲ့အတွက် မဇ္ဇျိမတာဝန်ရှိသူများ ညီအစ်ကိုများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျ။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly