တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံကို ဆယ်သွယ်တဲ့ လမ်းအား ဖောက်လုပ်

တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံကို ဆယ်သွယ်တဲ့ လမ်းအား ဖောက်လုပ်

ဆိုးလ်၊ နိုဝင်ဘာ ၂၃ ။      ။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဟာ ၁၄ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် နယ်စပ်မှာ နှစ်နိုင်ငံကြား ဆက်သွယ်တဲ့ လမ်းကို ဖောက်လုပ်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံကြား ပြန်လည်ပေါင်းစည်းရေး သင်္ကေတအဖြစ် နှစ်နိုင်ငံကို ဆက်သွယ်မယ့် မြေသားလမ်းကို ဖောက်လုပ်မှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို နှစ်ပိုင်းခွဲ ပိုင်းခြားထားတဲ့ နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်အတွင်းမှာ ဖောက်လုပ်မယ့် လမ်းပဲ ဖြစ်ပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး လာမယ့်နှစ်မှာ ပြန်လည်တူးဖော်ရှာဖွေရေးအတွက်လည်း အသုံးပြုသွားမယ့် လမ်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ထိပ်သီးညီလာခံမှာ ရရှိခဲ့တဲ့ သဘောတူညီမှုတွေထဲက တစ်ခုအနေနဲ့ နယ်စပ်တစ်လျှောက် စစ်မဲ့ဇုန်ရဲ့ အလယ်လောက်မှာ ၁၂ မီတာကျယ်တဲ့ မြေသားလမ်းကို ခုလို ဖောက်လုပ်မှာပဲ ဖြစ်ပါတယ်။  

အိမ်နီးချင်း နှစ်နိုင်ငံဟာ ပန်မွန်ဂျွမ် နယ်စပ််အပစ်ရပ်ရွာက ကတုတ်ကျင်းတွေနဲ့ လက်နက်တွေကိုလည်း ဖယ်ရှားဖို့ သဘောတူထားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly