အခြေအနေဆိုးလာရင် မက္ကဆီကိုနဲ့ နယ်စပ်ကို ပိတ်မယ်လို့ ထရမ့် ခြိမ်းခြောက်

အခြေအနေဆိုးလာရင် မက္ကဆီကိုနဲ့ နယ်စပ်ကို ပိတ်မယ်လို့ ထရမ့် ခြိမ်းခြောက်

၀ါရှင်တန်ဒီစီ၊ နိုဝင်ဘာ ၂၃ ။         ။ အမေရိကန်မှာ ခိုလှုံလိုတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ အခြေအနေကို မထိန်းသိမ်းတော့ဘူးဆိုရင်တော့ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

ဒီလို ပိတ်ပစ်လိုက်ရတယ်ဆိုရင် အမေရိကန်နဲ့ မက္ကဆီကိုရဲ့ ကုန်သွယ်ရေးကို ထိခိုက်လိမ့်မယ်လို့ပါ ထရမ့်က ပြောပါတယ်။

“တကယ်လို့ ဒီရွှေ့ပြောင်းဝင်ရောက်သူတွေကို မထိန်းချုပ်နိုင်တာ ဒါမှမဟုတ် လူတွေ ထိခိုက်အနာတရဖြစ်တာတွေပါ ဖြစ်ပွားလာခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ နယ်စပ်ကို ပိတ်ပစ်မှာဖြစ်ပါတယ်။ ထိန်းနိုင်သိမ်းနိုင်တဲ့ အခြေအနေ ပြန်ရောက်တဲ့အချိန်ထိ နယ်စပ်ကို ပိတ်ပစ်ရမှာ ဖြစ်တယ်။”လို့ သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။

“နယ်စပ်တစ်ခုလုံး၊ ကျွန်တော် ဆိုလိုတာ နယ်စပ်တစ်ခုလုံးပဲ။ ပိတ်ပစ်မှာ။ ဒီလိုဆိုရင်တော့ မက္ကဆီကိုအနေနဲ့ သူတို့ရဲ့ ထုတ်လုပ်တဲ့ ကားတွေကို တင်သွင်းနိုင်တော့မှာ မဟုတ်ဘူး။”လို့ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly