၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ကျင်းပမည်ဟု ဖီဖာကြေညာ

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ကျင်းပမည်ဟု ဖီဖာကြေညာ

ဇူးရစ်၊ သြဂုတ် ၂၆ ။                 ။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

ပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်လုပွဲကျင်းပမည် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲကာလမှာ ၂၈ ရက်သာ ကြာမြင့်မည် ဖြစ်ပြီး ပုံမှန် ကမ္ဘာ့ဖလားပြိုင်ပွဲများထက် အချိန် ၃၊ ၄ ရက်ပိုနည်းမည် ဖြစ်သည်။

၁၉၉၈ ခုနှစ်က ပုံစံပြောင်းလဲခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ပြိုင်ပွဲဝင်အသင်းပေါင်း ၃၂ သင်းပါဝင်ပြီး ပုံမှန်အားဖြင့် ပြိုင်ပွဲကာလမှာ ၃၁ ရက်ဖြစ်ကာ ဇွန်-ဇူလိုင်လများတွင်သာ ကျင်းပလေ့ရှိသည်။ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားမှာ ၃၃ ရက်ကြာကျင်းပခဲ့ပြီး ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားမှာ ၃၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

ဖီဖာသည် ဝေဖန်မှုများစွာ ရှိနေသော်လည်း ကာတာနိုင်ငံ၏ အပူချိန် အနည်းဆုံးဖြစ်မည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်သည် ဥရောပ၏ ဆောင်းရာသီကာလဖြစ်သည့်အတွက် ကလပ်အသင်းများနှင့် လိဂ်ပြိုင်ပွဲများအတွက် များစွာ အခက်အခဲများ ကြုံရမည် ဖြစ်သည်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသည် ဥရောပ၏ဆောင်းရာသီကာလတွင် ကျင်းပပြုလုပ်မည့် ပထမဆုံးပြိုင်ပွဲ ဖြစ်လာမည် ဖြစ်သည်။

Reef ; ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly