Manipur Sangai Festival 2018 ဖွင့်ပွဲ အင်ဖာမြို့တွင် ကျင်းပနေ

Manipur Sangai Festival 2018 ဖွင့်ပွဲ အင်ဖာမြို့တွင် ကျင်းပနေ

အင်ဖာ၊ နိုဝင်ဘာ ၂၁ ။         ။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့တွင် ကျင်းပလျှက်ရှိသော Manipur Sangai Festival 2018 ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်က ကျင်းပနေသည်။

Manipur Sangai Festival ကို နိုဝင်ဘာလ ၂၁ (ယနေ့မှ) နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ကျင်းပလျှက်ရှိပြီး ဖွင့်ပွဲအခမ်းအနားတွင် India နိုင်ငံ ကာကွယ်ရေးဝန်ကြီး Mrs Nirmala Sitharaman နှင့် မဏိပူရပြည်နယ် ဝန်ကြီးချုပ် Mr N. Biren Singh တို့အပါအဝင် India ခေါင်းဆောင်များ တက်ရောက်လျှက်ရှိသည်။

Manipur Sangai Festival 2018 အတွင်း India နှင့် Myanmar နှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း အမျိုးသမီးဘောလုံးအသင်း ၊ မန္တလေးတိုင်းအမျိုးသမီးဘောလုံး အသင်းနှင့် မဏိပူရ်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းတို့ ကစားကြမည်ဖြစ်ပြီး မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် Mr N. Biren Singh နှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ချစ်ကြည်ရေးဘောလုံးကစားပွဲအား ဖွင့်လှစ်ပေးမည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sangai Festival သို့ တက်ရောက်ရန် မကြာခင် မဏိပူရ်ပြည်နယ် သို့ သွားရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly