ကိုလံဘီယာလွှတ်တော်ရှေ့မှာ ကစားစရာအရုပ်တွေ အစီအရီ ချထားပြီး ကလေးသူငယ် လိင်စော်ကားမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်

ကိုလံဘီယာလွှတ်တော်ရှေ့မှာ ကစားစရာအရုပ်တွေ အစီအရီ ချထားပြီး ကလေးသူငယ် လိင်စော်ကားမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်

နိုဝင်ဘာ ၂၁ ။               ။ နိုင်ငံမှာ ဖြစ်နေတဲ့ ကလေးသူငယ် လိင်စော်ကားမှု ဖြစ်စဉ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နိုဝင်ဘာ ၂၀ ရက်က ကိုလံဘီယာ ကွန်ဂရက် အဆောက်အုံ ရှေ့ လှေကားထစ်တွေပေါ်မှာ ကလေးကစားစရာအရုပ်တွေကို အစီအရီ ထားရှိပြီး ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

ယင်းကဲ့သို့ ကလေးသူငယ် လိင်အနိုင်ကျင့်စော်ကားမှုဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူရေးကိုပါ တောင်းဆိုတဲ့အနေနဲ့ ယခုလို ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် လိင်စော်ကားခံရတဲ့ ကလေးငယ်တွေကိုလည်း ၎င်းတို့ ထိခိုက်နာကျင်ခဲ့ရသမျှတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားပေးမှုတွေ ရရှိရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

“ ဒီအရုပ်တွေက လိင်စော်ကားခံရတဲ့ ကလေးငယ်တွေကိုယ်စား သူတို့ရဲ့အသံတွေကိုထုတ်ဖော်ဖို့၊ တရားမျှတမှုကို တောင်းဆိုဖို့၊ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ရဖို့ နဲ့ မိသားစုတွေအတွက် အထူးဂရုစိုက်အလေးထားမှု ရဖို့ တောင်းဆိုတဲ့ သရုပ်သကန် တွေဖြစ်ပါတယ်” ဆိုပြီး ယင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့တဲ့ ကလေးသူငယ် အကူအညီပေးရေး အဖွဲ့ Aldeas infantiles SOS အဖွဲ့ ဒါရိုက်တာ အိန်ဂျယ်လာ ရိုဆေးလ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly