ပလတ်စတစ် ၆ ကီလိုဂရမ် မျိုချထားပြီး သေဆုံးနေသည့် ဝေလငါးတစ်ကောင်ကို အင်ဒိုနီးရှားမှာ တွေ့ရှိ

ပလတ်စတစ် ၆ ကီလိုဂရမ် မျိုချထားပြီး သေဆုံးနေသည့် ဝေလငါးတစ်ကောင်ကို အင်ဒိုနီးရှားမှာ တွေ့ရှိ

နိုဝင်ဘာ ၂၁ ။          ။ အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ပြင်ထဲမှာ အရွယ်အစား ကြီးမားတဲ့ ဝေလငါးကြီးတစ်ကောင်ကို သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ ဝေလငါးအသေကောင်ကို စစ်ဆေးကြည့်ရှုခဲ့ရာမှာတော့ ယင်းရဲ့ အစာအိမ် ဝမ်းဗိုက်ထဲမှာ အလေးချိန် ခြောက် ကီလိုခန့် (၁၃ ပေါင်) ခန့်ရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ ဝေလငါးကြီးကတော့ ဦးခေါင်းမှ ဖယောင်းပါသော ဆီတစ်မျိုး ထုတ်ယူရနိုင်တဲ့ ဝေလငါးမျိုး ဖြစ်ပြီး ယင်းကတော့ ပင်လယ်သမုဒ္ဒရာတွေထဲ ရောက်နေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို မျိုချထားခဲ့မိတာဖြစ်ပါတယ်။

ခုလိုမျိုး များပြားလှတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ မျိုချပြီး သေဆုံးနေတဲ့ ယင်းဝေလငါး တွေ့ရှိမှုကိစ္စကြောင့်လည်း နိုင်ငံမှာ ရှိနေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ပင်လယ်သမုဒ္ဒရာတွေထဲ စုပုံရောက်ရှိနေမှု ပြဿနာကို ပိုမို ပေါ်လွင် ထင်ရှားလာစေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly