သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပဖို့ ရှိတယ်လို့ ကာတာကို အသိပေးလိုက်တဲ့ အင်ဖန်တီနို

သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပဖို့ ရှိတယ်လို့ ကာတာကို အသိပေးလိုက်တဲ့ အင်ဖန်တီနို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌဖြစ်သူ ဂီယာနီ အင်ဖန်တီနိုက နောက်လေးနှစ်ကြာ နိုဝင်ဘာ ၂၁ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုကောင်းလာဖွယ်ရှိတယ်လို့ ကာတာနိုင်ငံက အသိပေးပြောကြားလိုက်ပါတယ်။

“ရုရှားကမ္ဘာ့ဖလားဟာ ပြိုင်ပွဲအစဉ်အဆက် အကောင်းဆုံးဖြစ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဒီထက်ပိုကောင်းလာဖို့ ရှိပါတယ်။”လို့ အင်ဖန်တီနိုက ကာတာရဲ့ ပြိုင်ပွဲကျင်းပရေးစီစဉ်သူများနဲ့အတူ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါကြေညာချက်ထဲမှာ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်း ၈ ကွင်း တည်ဆောက်ခြင်း သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းအတွက် ဒေါ်လာ ၆.၅ ဘီလီယံ သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။

ကာတာနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှုများအတွက် တစ်ပတ် ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် သုံးစွဲနေတယ်လို့ ဆိုပါတယ်။

ပင်လယ်ကွေ့နိုင်ငံဟာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် (၁၂၂ ဖာရင်ဟိုက်)အထိ ရောက်ရှိနိုင်တဲ့ သဲကန္တာရနိုင်ငံရဲ့ နွေရာသီ အပူချိန်အပေါ် စိုးရိမ်မှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပြောင်းရွှေ့ ကျင်းပဖို့ ဖီဖာဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်း ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျင်းပနေကျပုံစံအတိုင်း ၃၂ သင်းနဲ့ပဲ ကျင်းပပြုလုပ်သွားဖွယ်ရှိပါတယ်။

ဒါ့အပြင် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုဆိုတဲ့ (4 year countdown) အထိမ်းအမှတ် ဗီဒီယို ‘See you in 2022’ ကို ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့က ထုတ်လွှင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly