စပိန်မှာ လူစီးရထားတစ်စီး လမ်းချော်လို့ ၁ ဦးသေပြီး ၄၉ ဦး ဒဏ်ရာရ

စပိန်မှာ လူစီးရထားတစ်စီး လမ်းချော်လို့ ၁ ဦးသေပြီး ၄၉ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၂၁ ။          ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးမှာ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်က မီးရထားတစ်စီး လမ်းချော်မှု ဖြစ်လို့ လူတစ်ဦး သေဆုံးကာ အခြား ၄၉ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာ ရသူတွေအနက် ငါးဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒါဟာ ရက်ပိုင်းအတွင်း မိုးသည်းကြီးမည်းကြီး ရွာရာကနေ မြေပြိုမှုတစ်ခု ဖြစ်ပြီး ခုလို မီးရထားလမ်းချော်သွားခဲ့ရတာဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့နဲ့ စပိန် မီးရထား အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ဘာစီလိုနာမြို့ အရှေ့မြောက်ပိုင်း မိုင် ၂၀ ခန့်အကွာ နေရာမှာ အဆိုပါ လူစီးရထား လမ်းချော်မှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ယင်းဖြစ်စဉ် ဖြစ်ပွားချိန်က ရထားပေါ်မှာ လူ ၁၃၃ ဦး လိုက်ပါစီးနင်းလာခဲ့ပြီး ၄၄ ဦးက အသေးစား ဒဏ်ရာတွေ ရသွားကာ အခြား ငါးဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ လူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

စပိန်ရုပ်သံတွေမှာ ထုတ်လွှင့့်ပြသခဲ့တဲ့ ပုံရိပ်တွေအရ ကယ်ဆယ်ရေးလုပ်သားတွေ ခရီးသည်တွေကို ပြောင်းရွှေ့ပေးနေတာကို တွေ့မြင်ရသလို ရထားတွဲတစ်တွဲအနီး ကျောက်တုံးတွေ ပြိုကျစုပုံနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly