ရန်ကုန်၊နိုဝင်ဘာ ၂၀ ။ ။ YBS ၏ ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ အရည်သွေးမြှင့်တင်မှုလုပ်ငန်းစဉ်အတွက် ရှင်းခီ ဘတ်စ် ကုမ္ပဏီလီမီတက်မှ ကျွမ်းကျင်ပညာရှင် ၂ဦးခန့် အပ်ထားတယ်လို့ သိရပါတယ်။
YBS ဘတ်စ်ကုမ္ပဏီတွေရဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ထိန်းသိမ်းမှု ပုံစံတွေကို ဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂ဝရက်နေ့က YRTA ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ တတိယ အကြိမ်မြောက် ဆွေးနွေးပွဲလည်း ဖြစ်သလို ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ပိုင်းဆိုင်ရာတွေကို စစ်ဆေးထိန်းသိမ်းဖို့အတွက် ဂျပန်နိုင်ငံမှာလို ထိန်းသိမ်းစစ်ဆေးတဲ့ စစ်ဆေးနည်းပုံစံတွေကို ဆွေးနွေးသွားတာလည်း ဖြစ်ပါတယ်။
" ကျွန်တော်တို့ အခု မိတ်ဆက်တင်ပြတာကတော့ ဒီကိစ္စနှစ်ခုရှိတယ်။ယာဉ်မောင်းတွေအနေနဲ့ နေ့စဉ် ယာဉ်ထိန်းသိမ်းမှု စစ်ဆေးမှုအပိုင်းတွေရယ်၊ပြီးတော့ ကျွန်တော်တို့ ဒီဂျပန်နိုင်ငံမှာ ပြုလုပ်နေကြဖြစ်တဲ့ ပုံမှန်သုံးလ တစ်ခါ တစ်နှစ်တစ်ခါ စစ်ဆေးတဲ့ပုံစံတွေကို အကြံပြု ဆွေးနွေးသွားမှာ ဖြစ်တယ်။ " လို့ မော်တော်ယာဉ်စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Yoshihiko Takami က ပြောပါတယ်။
အခုလို ယာဉ်ထိန်းသိမ်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပြီး နည်းပညာတွေကို ဖြန့်ဝေပေးနေပေမယ့်လည်း YBS ကုမ္ပဏီတွေအနေနဲ့ လိုက်နာဆောင်ရွက်မှုဟာ အဲဒီကုမ္ပဏီတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာဘဲ မူတည်တယ်လို့ ဆိုပါတယ်။