အထက်မင်းလှတွင် ရှားဆီမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

အထက်မင်းလှတွင် ရှားဆီမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

မကွေး၊နိုဝင်ဘာ ၂၀ ။            ။ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့၊အမှတ်(၃) တောင်ရပ်ကွက်တွင် တန်ဆောင်တိုင်ပွဲတော်အဖြစ် ရှားဆီမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂ဝရက် နံနက် ရနာရီက စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မြန်မာ့ရိုးရာလှေပြိုင်ပွဲကို နံနက် ၉နာရီအချိန်က စတင်ယှဉ်ပြိုင်ကြပြီး နေ့လယ် ၁၂နာရီအချိန်တွင် လှေပြိုင်ပွဲစဉ်ကို ခေတ္တရပ်နားကာ လှေလှော်ပြိုင်ပွဲအားနေ့လယ်(၁)နာရီအချိန်မှပြန်လည်ကျင်းပလျက်ရှိကြောင်း ညနေ(၅)နာရီတွင်လှေပြိုင်ပွဲ ပွဲစဉ်များတစ်နေ့တာ ရပ်နားကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နိုဝင်ဘာလ ၂၁ရက်နေတွင် လှေပြိုင်ပွဲအစီအစဉ်ကို နံနက်(၉)နာရီမှညနေ(၅)နာရီအထိ တစ်နေ ကုန် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။နိုဝင်ဘာလ ၂၂ရက်နေ့တွင် နံနက်(၉)နာရီမှနေ့လယ်(၃)နာရီ အထိ လှေပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ညနေ(၃)နာရီနောက်ပိုင်း၌ ပြိုင်ပွဲဝင်လှေများအား ဆုဖလားနှင့်ဆုများပေးအပ်ကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်ဥပဂုတ္တမထေရ်မြတ်အားရှားမီး(၂၅၀၀)ခြံရံပူဇော်လျှက် ဧရာဝတီမြစ်ရေပြင်တွင် ရေမျှောပူဇော်ခြင်းအစီအစဉ်ကို ညနေ(၄)နာရီခွဲအချိန်စတင်ကြမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ရက် တန်ဆောင်မုန်းလပြည့်နေ့ညနေ ၄နာရီခွဲအချိန်ကစတင်ကာ သတ်မှတ်အစီအစဉ်အတိုင်း ဖောင်တော်များ နေရာယူ၍ ဧရာဝတီမြစ်ရေပြင်အထက်ဘက်သို့ခုတ်မောင်းဆန်တက်လာခဲ့ကြပြီး ရှားမီး (၂၅၀၀) ဖြင့် ပူဇော်ကာ ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော်အား ရေမျှောပူဇော်ကြမည်ဖြစ်ကြောင်း၊လက်ရှိလှေပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း(၁၄)သင်းလာရောက်ယှဉ်ပြိုင်ကြကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly