စစ်တွေတွင် စိတ်ကြွဆေးပြား ၆ သိန်း ၂ သောင်း ဖမ်းမိ

စစ်တွေတွင် စိတ်ကြွဆေးပြား ၆ သိန်း ၂ သောင်း ဖမ်းမိ
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ နိုဝင်ဘာလ ၂ဝ ။              ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းမှ အငူမော်ဆိပ်ကမ်းသို့ ထွက်ခွာမည့် ရခိုင့်စီးပွားရေးဦး ဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီပိုင် ကမ်းထိုးဇက်ရေယာဉ်ပေါ်တင်ဆောင်ထားသည့် မော်တော်ယာဉ် ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၂ဝ,ဝဝဝ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဇက်ရေယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် KLUGER မော်တော်ယာဉ်၏ နောက်ခန်းရှိ အံဝှက် အတွင်းမှ ကျပ်သိန်းပေါင်း ၁၈၆ဝဝ တန်ဖိုးရှိ R တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား အပြားပေါင်း ၆၂,ဝဝဝဝ အား ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂ဝ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

ယာဉ်မောင်းဖြစ်သူမှာ မောင်တောမြို့နယ်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကျော်နိုင်ဆိုသူ ဖြစ်ပြီး ယင်းမူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး လက်ရှိ၌ စစ်တွေမြို့မရဲစခန်းတွင် မူးယစ် (ပ)၆ဝ/၂ဝ၁၈၊ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စုံစမ်းလျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly