ကြည့်မြင်တိုင်တွင် ဓားကိုင်ရမ်းကားသူအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ကြည့်မြင်တိုင်တွင် ဓားကိုင်ရမ်းကားသူအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာလ ၂ဝ ။         ။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွှန့်ရပ်ကွက်၊ သောကလမ်းသွယ်တွင် ဓားရှည်ကိုင်ကာ ဆဲဆိုရမ်း ကားနေသူက ငှက်ကြီးတောင်ဓားဖြင့်ရဲတပ်ဖွဲ့အား လိုက်ခုတ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ကျော်မြင့်အောင်(ခ) အောင်နိုင်မ(ခ)ထွန်းဇော်ထွန်းဆိုသူသည် နိုဝင်ဘာလ ၁၉ ရက်၊ ည ၉ နာရီခွဲအချိန်တွင် သောကလမ်းသွယ်၌ ဓားရှည်ကိုင်ကာ ဆဲဆိုရမ်းကားနေသဖြင့်  စက်ဆန်းနယ်မြေရဲတပ်ဖွဲ့နှင့် ဘလုတ်ညွှန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးတို့က သွားရောက်ထိန်းသိမ်းခဲ့သည်။

ထိုသို့ တားမြစ်စဉ်ကျော်မြင့်အောင်က အရိုးအသွား ၂၂ လက်မခန့်ရှိသော ငှက်ကြီးတောင်ဓားဖြင့် လိုက်လံခုတ် သောကြောင့် ရဲတပ်ဖွဲ့မှ  ၁၂ ဗို့သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် လိုက် ခုတ်ခဲ့သောကြောင့် ၁၂ ဗို့သေနတ်ဖြင့် ၁ ချက် ထပ်မံပစ်ခတ်ခဲ့ရာ ဓားကိုင်ရမ်းကားသူ ကျော်မြင့်အောင်၏ ဝဲဘက်နံဘေးထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ ပေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓားကိုင်ရမ်းကားသူ ကျော်မြင့်အောင်(ခ) အောင်နိုင်မ(ခ)ထွန်းဇော်ထွန်းဆိုသူအား စက်ဆန်းနယ်မြေရဲစခန်း တွင် (ပ)၂၈ဝ/ ၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝရ (လူသတ်မှုကျူးလွန်ရန် အားထုတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly