ဂမ္ဘီရနဲ့ သည်းထိတ်ရင်ဖိုတွေပါဝင်မယ့် "သမုဒယ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ ပြုလုပ်

ဂမ္ဘီရနဲ့ သည်းထိတ်ရင်ဖိုတွေပါဝင်မယ့် "သမုဒယ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ ပြုလုပ်

ရန်ကုန်    နိုဝင်ဘာ   ၂၀ ။            ။ ဂမ္ဘီရဆန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကွက်တွေနဲ့ အဆင့်မြင့်ကွန်ပျူ တာအထူးပြုလုပ်ချက်တွေပါဝင်မယ့် "သမုဒယ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်း ကို ရန်ကုန်၊ ရွှေတိဂုံဘုရားအောင်မြေမှာ နိုဝင် ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို Golden Hour Flim Production က ထုတ်လုပ်ပြီး ဇာတ်လမ်းနဲ့ ဒါရိုက်တာအဖြစ် သီဟစိုးက ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

" သူက ဂမ္ဘီရ Adventer တွေပေါ့နော်၊ အဲဒီအထဲ မှာ Drama တွလည်းပါမယ်။ ကလေးလေးတွေလည်း ပါမယ်။ ဒီကားမှာ CJ တွေလည်း သုံးရမှာ အများကြီးပဲ။ ဒါရိုက်တာဘက်ကလည်း ပြင်ဆင် နေပါတယ်။ အဲဒီ CJ တွေ နိုင်သွားရင်တော့ ဒီဇာတ်ကားက မြန်မာနိုင်ငံမှာ ထူးခြားတယ်ဆိုတဲ့ ကားတစ််ကားဖြစ်သွားပါလိမ့်မယ်။" လို့ သရုပ်ဆောင် နိုင်းနိုင်းက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်နဲ့ မန္တလေး မြို့မှာ အဓိက သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကအစ အားလုံးကို ပြည်တွင်းမှာပဲ ပြုလုပ်သွားမယ်လို့ ဒါရိုက်တာ သီဟစိုးက ဆိုပါတယ်။

" ကျွန်တော်တို့ ဒီကားအတွက် လာမယ့်ရှေ့လ ဒီဇင်ဘာလထဲမှာ ပြင်ဦးလွင် မန္တလေးမှာ ရိုက်မယ်။ အဓိက Location ကတော့ ပြင်ဦးလွင်ပါ။ အထူးပြုလုပ်ချက်တွေပါမယ်။ ပြည်တွင်းမှာပဲ အကုန် လုံး ဖန်တီးသွားမှာပါ။" လို့ ပြောပါတယ်။

''သမုဒယ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ကားရိုက်ကူးချိန်ကိုတော့ ၁ လ ကြာ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ နိုင်းနိုင်း၊ ထွန်းအိန္ဒြာဗိုလ်၊ မေဆူးမောင်၊ မြင်စိိုင်းသား အောင်အောင်၊ ဒေါင်းဝေ၊ ဟန်ဆက်လူ၊ ကောင်းဟိန်း၊ မဖြူ နဲ့ ကလေး သရုပ်ဆောင် တုန်တုန်နဲ့ သုတ တို့က အဓိကပါဝင် သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly