ဆွီဒင်နိုင်ငံက အော်ဂလီဆန်စရာ အစားအသောက်များ ပြတိုက်

ဆွီဒင်နိုင်ငံက အော်ဂလီဆန်စရာ အစားအသောက်များ ပြတိုက်

နိုဝင်ဘာ ၂၀ ။           ။ ရွံစရာကောင်းတဲ့၊ အော်ဂလီဆန်စရာ ကောင်းတဲ့ အစားအသောက်တွေကိုပဲ သီးသန့် ခင်းကျင်းပြသပေးထားတဲ့ ပြတိုက်တစ်ခု ဆွီဒင်နိုင်ငံ မယ်လ်မိုမြို့မှာ ဖွင့်လှစ်ထားပါတယ်။

ယင်းပြတိုက်မှာတော့ ကမ္ဘာတစ်ဝန်းက အချက်အပြုတ်ဆိုင်ရာ အထူးစားဖွယ်ထုတ်ကုန်အမယ်ပေါင်း ၈၀ လောက်ကို ခင်းကျင်းပြသပေးထားပါတယ်။

ဒါပေမယ့်လည်း ယင်း အစားအစာ တစ်ခုစီတိုင်းကတော့ ပုံမှန် အစားအစာတွေလိုမျိုး စားချင်စဖွယ်တွေမျိုးတော့ ဖြစ်နေမှာမဟုတ်ပါဘူး။

ဒီ ပြတိုက်ထဲမှာ ပြသထားတဲ့ စားသောက်ဖွယ်တွေကတော့ ကြွက်နဲ့ ချက်လုပ်ထားတဲ့ ၀ိုင် ဒါမှမဟုတ် လောက်တွေတက်နေတဲ့ ဒိန်ခဲ စတဲ့ အော်ဂလီဆန်စရာ စားစရာမျိုးတွေဖြစ်နေလို့ ဖြစ်ပါတယ်။

ခုလို ဒီလိုမျိုး စက်ဆုပ်ဖွယ်ကောင်းတဲ့ စားစရာတွေ ပြသထားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လာရောက်ကြည့်ရှုသူတွေကို ကမ္ဘာအရပ်ရပ်က အချက်အပြုတ်ဆိုင်ရာ ထုံးတမ်းဓလေ့တွေနဲ့ အာဟာရမမြောက်တဲ့ အစားအစာတွေအကြောင်း လေ့လာသိရှိစဉ်းစားတွေးခေါ်စေနိုင်ရန်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြတိုက်ထဲက ဟင်းပွဲ စားစရာတစ်ခုဟာ လူအနည်းငယ်အတွက်ကတော့ အရသာရှိကောင်း ရှိနေနိုင်သော်ငြားလည်း လူအများစုအတွက်ကတော့ အော်ဂလီဆန်ချင်စရာ ဖြစ်နေမှာဖြစ်ပါတယ်။
ဒီလိုမျိုး ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ဖော်ထုတ်ပြသနိုင်ဖို့ ယင်း ပြတိုက်ကို ဖွင့်လှစ်ပြသရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly