စပိန် ပင်လယ်ကမ်းခြေဒေသမှာ မိုးကြီးလေထန်ပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၁ ဦး သေဆုံး

By EFE EPA
20 November 2018
စပိန် ပင်လယ်ကမ်းခြေဒေသမှာ မိုးကြီးလေထန်ပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၁ ဦး သေဆုံး

နိုဝင်ဘာ ၂၀  ။           ။ စပိန်နိုင်ငံရဲ့ ပင်လယ်ကမ်းခြေဒေသတွေဘက်မှာ ပြီးခဲ့တဲ့ ရက်က လေပြင်းမုန်တိုင်းကျကာ မိုးကြီးပြီး ရေလွှမ်းမိုးခဲ့တာကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးကာ  အခြား တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းက ဂယ်လီစီယန် မြို့မှာ နေထိုင်တဲ့ သက်ကြီးအမျိုးသမီးတစ်ဦး ရုတ်တရက် အနီးအနားက မြစ်ရေလျှံတက်ပြီး
သူမနေအိမ်ထဲအထိ ရေလွှမ်းမိုးခဲ့တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဘက်စ်ကွီး မြို့မှာ ငါးဖမ်းနေရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးကို ကယ်ဆယ်ရေး သမားတွေ ရှာဖွေနေကြရလျက် ရှိပါတယ်။

လက်ရှိမှာ နိုင်ငံအရှေ့တောင်ပိုင်း က ဗလင်စီယာနဲ့ အလီကန်တီ တို့မှာ ရှိတဲ့ ဒေသခံတွေအတွက် ဒုတိယအမြင့်ဆုံးသော လိမ္မော်ရောင် သတိပေးချက်တစ်ရပ်ကို စပိန် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ နိုင်ငံအရှေ့တောင်ပိုင်းမှာတော့ ကျောင်းသား၊ သူပေါင်း ၁၃၆,၀၀၀ လောက်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ကျောင်းတက်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly