တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်း၊စီမံကိန်းနှင့် ဘဏ္ဍာရေး ကော်မတီ၏ အစီရင်ခံစာ တင်သွင်း

By စည်သူမောင်မောင်မောင်
19 November 2018
တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်း၊စီမံကိန်းနှင့် ဘဏ္ဍာရေး ကော်မတီ၏ အစီရင်ခံစာ တင်သွင်း

ပုသိမ်၊နိုဝင်ဘာ ၁၉ ။             ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပြည်သူ ့ငွေစာရင်း၊စီမံကိန်းနှင့် ဘဏ္ဍာရေး၊စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာကော်မတီ က ကွင်းဆင်းစိစစ်ချက်အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်း ခဲ့ကြောင်း သိရသည်။

“ပုသိမ်မြို့ဝင်လမ်းခင်းတဲ့နေရာမှာလည်း GRF တုန်းကတောင်းတယ်။ ၁ဖာလုံနဲ ့၁.၅ဖာလုံကြားထဲမှာ တောင်း ထားတယ်။ ဘတ်ဂျက် တော်တော်လေးကွာဟချက်ကိုတွေ ့ရတယ်။အဓိကတွေ့တာ လုပ်ငန်း အားနည်းချက် တော့ တွေ့တယ်။ အဲဒီအထဲမှာ အရေးကြီးဆုံးချွတ်ချော်မှုက ပုသိမ်မှာဆို ပြီးခဲ့တဲ့နှစ် ဘဏ္ဍာနှစ် က လုပ်ခဲ့တဲ့ လုပ်ငန်းကို မီနီဘက်ဂျက်မှာ ပြန်တောင်းထားတာ၊လက်ထောက်ညွန်ကြားရေးမှူးရုံးနဲ့ ညွန်ကြားရေးမှူးရုံး ဆေး သုတ်ခြင်း လုပ်ငန်းနှစ်ခုလုံးကို ဘဏ္ဍာငွေ ကျပ် ၆သန်းကို တောင်းခံထားတာပေါ့။ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ တွေ့ရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပြည်သူ ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေး နှင့်ကုန်သွယ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးရာကော်မတီ အတွင်းရေးမှူးဒေါ်ရီရီထွန်းကပြောသည်

ထို့အပြင် မြောင်းမြမြို့နယ် လမ်းဦးစီးပိုင် မြေကွက်၃ခုအား ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းသည် လူနေထိုင်ခြင်း မရှိဘဲ ကျူးကျော်ရန်အား ကာကွယ်နိုင်ရန်အတွက်ဆောင်ရွက်ရာတွင် ကျပ်သိန်း ၄၄၀ ကျော် အကုန်အကျ ခံကာ ရင်းနှီးမြုပ်နှံထားရခြင်းမှာ မသင့်လျော်ဘဲ ကုန်ကျမှုနည်းသည့် အခြားနည်းဖြင့်သာ ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေများ လေလွင့်မှုနည်းပါးအောင် ဆောင်ရွက်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

ယင်းအပြင် ဌာနမှ တင်ပြတောင်းခံသော ဘဏ္ဍာငွေခွဲဝေမှုအချိုးများတွင် သာမန်အသုံးစရိတ်ထဲမှ ၀၄၀၂ ခေါင်းစဉ်ဖြင့် လမ်းများ ပြင်ဆင်ထိန်းသိမ်းစရိတ်များထည့်သွင်း၍ များပြားစွာတောင်းခံထားပြီး လမ်းပိုင်းအရှည်ရှိ သလောက် ကြားတွင် ပြုပြင်ထိန်းသိမ်းရန် စုတောင်းခံထားသည်ကို တွေ ့ရှိရပြီး အမှန်တကယ်လုပ်၊ မလုပ် မသိ ရှိရဘဲ မည်သည့်မိုင်တိုင်မှ မည်သည့်မိုင်တိုင်အတွင်း ဟ တိတိကျကျဖော်ပြ၍ တောင်းခံသင့်ကြောင်း ကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

အစီရင်ခံစာတွင် VBox Culvert များဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ PAE တွက်ချက်မှုစရိတ်များသည် အလွန်များနေ သော ကြောင့် အမှန်ကုန်ကျမည့်တွက်ချက်မှုအား ဒေသပေါက်စျေးနှင့်အညီသာ ဆောင်ရွက်သင့်ပါကြောင်းနှင့် တည်ဆောက်ရာတွင်လည်း လမ်းချောင်းအခြေအနေများပေါ်မူတည်ပြီး ဖြစ်သင့်သည် ့ဒီဇိုင်းကိုသာ တွက်ချက် ဆောက်လုပ်ရန် သုံးသပ်အကြံပြုထားသည်။

ပြည်သူ ့ငွေစာရင်း၊စီမံကိန်းနှင့်ဘဏ္ဍာရေး၊စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာ ကော်မတီသည် ၈.၉.၂၀၁၈ မှ ၁၂.၉.၂၁၀၈ ရက်နေ ့အထိ ကွင်းဆင်းစိစစ်တွေ ့ရှိချက်များ၊သုုံးသပ်ချက်များအား လွှတ်တော် တွင် မှတ်တမ်းတင်ပေးရန် တင်ပြပြီး၊ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရသို ့အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly