Huawei မှ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Huawei Mate 20 Series ကိုဝယ်ယူသင့်တဲ့ အချက်များ

Huawei မှ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Huawei Mate 20 Series ကိုဝယ်ယူသင့်တဲ့ အချက်များ

ယခုနောက်ပိုင်း Flagship product တွေများစွာထွက်ရှိလာတဲ့ Huawei ဟာဒီတစ်ခါမှတော့ စမတ်ဖုန်းလောကကိုတောင် ပြောင်းလဲပေးနိုုင်တယ်လိုု့ဆိုထားတဲ့ Mate 20 Series ကိုအောက်တိုဘာ ၃၀ မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ရှန်ဟိုင်း၊ တရုတ်နဲ့ စင်ကာပူမှာတော့ Pre-order ရယူဖို့အတွက် မနက် ၆ နာရီထဲကတန်းစီခဲ့ရပြီးအမေရိကန်၊ ဗြိတိန်၊ ဂျာမန်နဲ့ ပြင်သစ်နိုင်ငံကမီဒီယာတွေကတော့ Huawei Mate 20 Series ဟာနံပါတ် ၁ ဦးစားပေးဝယ်ယူရမယ့် ထုတ်ကုန်ပါဆိုပြီး သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာလည်းအောက်တိုဘာလ ၃၁ ရက်မှာတရားဝင်မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာပထမဆုံး First Sales အား ပြုလုပ်ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း စိတ်ဝင်စားသူဦးရေ များပြားခဲ့ပြီးအဆိုပါ First Sales နေ့၌ Mate 20 Pro Emerald Green အရောင်အားရောင်းအား ပြတ်သည်အထိရောင်းချခဲ့ရတယ်လို့ သိခဲ့ရပါတယ်။

ဒီလိုအောင်မြင်မှုတွေဟာ သူ့မှာပါတဲ့ features တွေ နဲ့ camera ပိုင်းဆိုင်ရာတွေက အားလုံးကို အံ့သြသွားစေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ Huawei Mate 20 မှာ ကျယ်ပြန့်လှတဲ့ ၆.၅၃ လက်မအရွယ် မျက်နှာပြင်ပေါ်မှာပုံမှန်သုံးနေကျ notch ပုံစံမဟုတ်ဘဲ နှင်းစက်ပုံစံလေးကိုထည့်သွင်းထားပြီး Huawei Mate 20 Pro မှာဆိုရင် မျက်နှာပြင် ၆.၃၉ လက်မအရွယ် light-emitting diode (OLED) full view display ကိုအသုံးပြုထားပြီးရှခင်းတွေကိုကျယ်ပြန့်စွာ ရိုက်ကူးနိုင်တဲ့ Leica မှန်ဘီလူးကင်မရာသုံးခု၊ ပုံမှန်ထက်အချိန်ကြာမြင့်စွာသုံးစွဲနိုင်မယ့် ဘက်တ္ထရီနဲ့အတူ Fast Charing နဲ့ Super Charging စနစ်တို့ပါ ပါဝင်ပါတယ်။ဒါတွေအပြင် Huawei Mate 20 Pro မှာ ကြိုးမဲ့ အားသွင်းစနစ်ကိုုထောက်ပ့ံပေးတဲ့ အီလက်ထရွန်းနစ် ထုုတ်ကုုန်တွေမှာ Power Bank တစ်လုုံးလိုအသုုံးပြုနိုုင်မယ့် Wireless Reverse Charge လည်းပါဝင်ပါတယ်။

အခုခေတ်လူငယ်တွေဟာ ဓာတ်ပုံတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ရိုက်ကူးတာကို အရမ်းနှစ်သက်ကြပြီး ဒါကလည်း ခေတ်ရဲ့ရေစီးကြောင်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ Huawei  Mate 20 Series မှာ Leica Ultra-Wide Angle Lens ထည့်သွင်းထားပြီး Huawei Mate 20 Pro မှာဆိုရင်တော့ 40MP Wide Angle၊ 20MP Ultra-Wide Angle နဲ့ 3x Telephoto ရိုက်ကူးနိုင်တဲ့ 8MP ရှိအနောက်ဘက် ကင်မရာတို့ပါဝင်ကာ Huawei Mate 20 မှာ 16MP ultra-wide angle၊ 12MP wide aneနဲ့ 2x telephoto ရိုက်ကူးနိုင်တဲ့ 8MP ရှိအနောက်ဘက် ကင်မရာတို့ ပါဝင်ပြီး နှစ်မျိုးလုံးမှာ 24MP ရှေ့ကင်မရာထည့်သွင်းထားပြီးအနီးကပ်ရိုက်ကူးမှုနဲ့ အလင်းရောင်အားနည်းတဲ့ အချိန်တွေမှာပါ အသေးစိတ်ရိုက်ကူးနိုင်ပြီးအရောင်ထွက်အားကောင်းမွန်တိကျတဲ့ အတွက် ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးချင်သူတွေ ဝယ်ယူသင့်တဲ့ ဖုန်းအမျိုးအစားတွေ ဖြစ်ပါတယ်။ Photography သာမက Videography ရိုက်ကူးမှုအပိုင်းမှာလည်း စိတ်တုုိင်းကျ ရိုက်ကူးနိုင်မယ့်ဖုန်းတစ်လုံး ဖြစ်ပြီး  Matrix Camera System မှာအထင်ကရဖြစ်တဲ့Four-Point Design ထည့်သွင်းထားတဲ့အတွက် အဝေးကကြည့်တာနဲ့တင် Huawei Mate 20 Series ထုတ်ကုန်ကိုခွဲခြားသိရှိနိုင်မှာလဲ ဖြစ်ပါတယ်။

စျေးကွက်ထဲမှာရှိတဲ့ flagship product တွေထဲမှာ Huawei Mate 20 Pro မှာဘက်ထရီသက်တမ်းကိုုတာရှည်သုုံးနိုုင်အောင် တီထွင်ဖန်တီးထားတယ်လို့လည်းအာမခံပေးထားပါသေးတယ်။ 40W Huawei Supercharge နည်းပညာအသစ်၊ ဖုန်းလောကမှာအမြန်ဆုံးအားသွင်းစနစ်ဖြစ်တဲ့ 15W wireless charging စနစ်နဲ့ ကြီးမားတဲ့ 4200mAh တို့ကိုထည့်သွင်းထားပါတယ်။

ဒီအားသွင်းစနစ်ကအားလုုံးကိုုအံသြသင့်စေခဲ့ပြီး Huawei အီလက်ထရွန်းနစ်ထုုတ်ကုုန်တွေဖြစ်တဲ့ ဖုုန်းအချင်းချင်းPower Bank တစ်လုံးအလားအသုံးပြုနိုင်မယ့် Wireless Reverse Charge ကိုုထည့်သွင်းထားပါသေးတယ်။

Huawei Mate 20 Pro ကိုစျေးကွက်ထဲမှာတစ်ခါမှ မရှိသေးတဲ့ အရောင်ဆန်းနဲ့ ပွဲထွက်လာတဲ့ Emerald Green နဲ့ Black color အရောင်နှစ်မျိုးရွေးချယ်နိုုင်မှာဖြစ်ပါတယ်။ Huawei Mate 20 မှာတော့ Midnight Blue နဲ့ Twilight ဆိုပြီးအရောင်နှစ်မျိုးနဲ့ ရွေးချယ်နိုုင်မှာဖြစ်ပါတယ်။ Face unlock ပိုင်းမှာလဲသိသိသာသာတိုးတက်လာကာပိုမိုမြင့်မားတဲ့ AI စွမ်းဆောင်ရည်ကိုပါဝင်ပြီးကမ္ဘာ့ ပထမဆုံးဆန်းသစ်တဲ့ storage media standard ကိုတီထွင်ကာထည့်သွင်းပေးထားသည့်အတွက် micro SD card ထက် ၄၅ ရာခိုင်နှုန်းသေးငယ်သော Nano Memory Card ကို SIM card နဲ့အတူ slot တစ်ခုထဲမှာထည့်ကာအသုံးပြုနိုင်ပါဖြစ်ပါတယ်။

Huawei Mate 20 Series ကိုု နိုဝင်ဘာ ၁ဝရက်နေ့က စတင်၍ ရောင်းချလျက်ရှိနေပြီး Mate 20 Pro ကို Emerald Green နဲ့ Black အရောင်၊ Mate 20 ကို Midnight Blue နဲ့ Twilight အရောင်တွေနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Huawei Mate 20 ကိုု မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ ၊ Huawei Mate 20 Pro အား မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ နှုန်းထားနဲ့ ဝယ်ယူလိုု့ ရမှာပဲဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly