Sport Bar စားသောက်ဆိုင်မီးလောင်မှု ဆိုင်မန်နေဂျာအား အမှုဖွင့်အရေးယူ

Sport Bar စားသောက်ဆိုင်မီးလောင်မှု ဆိုင်မန်နေဂျာအား အမှုဖွင့်အရေးယူ
ဓာတ်ပုံ - ဒေါင်းလူ

ရန်ကုန်၊ နိုဝင်ဘာလ ၁၉ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၆)ရပ်ကွက်ရှိ Sport Bar စားသောက်ဆိုင်မီးလောင်မှုနှင့်ပတ် သက်၍ လက်ရှိတွင် ဆိုင်မန်နေဂျာဖြစ်သူ ဦးဇော်မင်းထွန်းအား အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် နိုဝင်ဘာလ ၁၈ ရက်၊ ည ၉ နာရီ ၄ဝ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး Level 2 မီးသတ် ယာဉ်အုပ်စုမှထွက်ခွာငြိမ်းသတ်ခဲ့ရပြီး ည ၁ဝ နာရီ၊ ၆ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ Sport Bar စားသောက်ဆိုင်အတွင်းရှိ စင်တင်တီးဝိုင်းတွင် သွယ် တန်းထားသော လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့်  Sport Bar စင်တင်အဆောက်အဦ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူများထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိပေ။

မီးလောင်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၁ နာရီခွဲအချိန်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ ၆ ရပ်ကွက်တွင်နေထိုင်သည့် ဆိုင်မန်နေဂျာဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်းထွန်းအား ဗိုလ်တစ်ထောင် မြို့မရဲစခန်းတွင် (ပ) ၄၉၇/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ- ၂၈၅ (မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly