ကလေး ဖြစ်တည်မွေးဖွားလာပုံ အဆင့်ဆင့်ကို ဖော်ပြထုဆစ်ထားတဲ့ ကြေးရုပ်တုတွေကို ကာတာ ဆေးရုံမှာ ပြသထား

ကလေး ဖြစ်တည်မွေးဖွားလာပုံ အဆင့်ဆင့်ကို ဖော်ပြထုဆစ်ထားတဲ့ ကြေးရုပ်တုတွေကို ကာတာ ဆေးရုံမှာ ပြသထား

နိုဝင်ဘာ ၁၉ ။          ။ ကလေးတစ်ဦး ဖြစ်တည် မွေးဖွားလာပုံ အဆင့်ဆင့် ဖော်ပြ ထုဆစ်ထားတဲ့ ဗြိတိန်ပညာရှင် Damien Hirst ရဲ့ လက်ရာ ကြေးရုပ်တုပေါင်း ၁၄ ရုပ်ကတော့ ပင်လယ်ကွေ့နိုင်ငံ ကာတာ ရဲ့ ဆေးရုံတစ်ရုံကို ရောက်ရှိလာခဲ့ပါတယ်။

"The Miraculous Journey" လို့ အမည်တပ်ထားတဲ့ ယင်း လက်ရာ ပစ္စည်း ရုပ်တုတွေမှာ ဆိုရင် ကလေးတစ်ဦးကို ကိုယ်ဝန်ဆောင်ချိန်ကနေစပြီး မွေးဖွားလာချိန်အထိ အဆင့်ဆင့်ကို ဖော်ပြဖန်တီးထားပါတယ်။

မိခင် သားအိမ်အတွင်း သန္ဓေသား ကြီးထွားလာပုံကနေ စလို့ ကိုယ်တုံးလုံး ကလေးငယ်လေးတစ်ဦး မွေးဖွားလာပုံအထိ ဖော်ပြပေးထားပါတယ်။

ကာတာနိုင်ငံမှာ ယခုအပတ်ကမှ တရားဝင်ဖွင့်လှစ်လိုက်ပြီး ကန်ဒေါ်လာ ၈ ဘီလီယံ အကုန်အကျခံတည်ဆောက်ထားတဲ့ Sidra Medicine ဆေးရုံသစ်မှာတော့ ယင်း ကြေးရုပ်တု လက်ရာတွေကတော့ အဓိက လေ့လာကြည့်ရှုနိုင်မယ့် အနုပညာလက်ရာပစ္စည်းတွေ ဖြစ်နေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly