နာမည်ကြီး မက္ကဆီကိုမူးယစ်ရာဇာ ဘဲလ်ထရန် လေဗာ အကျဉ်းထောင်ထဲမှာ သေဆုံး

နာမည်ကြီး မက္ကဆီကိုမူးယစ်ရာဇာ ဘဲလ်ထရန် လေဗာ အကျဉ်းထောင်ထဲမှာ သေဆုံး

နိုဝင်ဘာ ၁၉ ။            ။ မက္ကဆီကိုနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘဲလ်ထရန် လေဗာ မူးယစ်ဂိုဏ်း ရဲ့ ထိပ်တန်း ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟက်တာ ဘဲလ်ထရန် လေဗာဟာ ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်က အကျဉ်းထောင်ထဲမှာပဲ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း မက္ကဆီကို အာဏာပိုင်တွေထံကနေ သိရပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက အကျဉ်းကျခံနေရတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် ဟက်တာဟာ ယင်းနေ့( နိုဝင်ဘာ ၁၈ ရက်)က နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၎င်းကတော့ ယင်းနိုင်ငံက နောက်ထပ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ရာဇာတစ်ဦးဖြစ်တဲ့ ဂျိုအာကွင်း အယ်လ်ချတ်ပို ဂုဇ်မန် နဲ့လည်း တစ်ချိန်တုန်းက လက်တွဲ ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။

ဟက်တာ နဲ့ ၎င်းရဲ့ ညီအကိုတွေဖြစ်တဲ့ အယ်လ်ဖရက်ဒို၊ အာတူရို နဲ့ ကားလို့စ်တို့ဟာ ဂုဇ်မန် ရဲ့ ဂိုဏ်းမှာ ပါဝင်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်မှာ အဖွဲ့ကွဲသွားပြီးမှ ၎င်းတို့ရဲ့ ဘဲလ်ထရန် လေဗာ ဂိုဏ်းကို ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဂုဇ်မန်ကတော့ လက်ရှိ နယူးယော့ခ်မှာ တရားရင်ဆိုင်နေရလျက် ရှိပါတယ်။

ဟက်တာကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ၎င်းအဖမ်းမခံခင်ရအထိတော့ ၎င်းတို့ရဲ့ ဘဲလ်ထရန် လေဗာ မူးယစ်ဂိုဏ်းကို နောက်ဆုံး ဦးဆောင်နေခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly