ငြိမ်းချမ်းရေး စျေးရောင်းပွဲတော်ကျင်းပမည်

ငြိမ်းချမ်းရေး စျေးရောင်းပွဲတော်ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။          ။ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အစားအစာ၊ အသုံးအဆောင် ပစ္စည်းတွေကိုရောင်းချပေးမယ့် ငြိမ်းချမ်းရေးစျေးရောင်းပွဲတော်တစ်ခုကို ရန်ကုန်မြို့မှာပြုလုပ်သွားမယ် လို့ သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့ထိ နေ့လယ် ၂ နာရီကနေ ည ၉နာရီအထိ ရန်ကုန်မြို့ ကမ္ဘာအေးလမ်းပေါ်က မြကျွန်းသာရှေ့ ရင်ပြင်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ကပြောပါတယ်။

ငြိမ်းချမ်းရေး ပင်လုံညီလာခံနဲ့အစိုးရတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ပြည်သူတွေကြားမှာ ချိတ်ဆက်ပေးတဲ့ သဘောမျိုးပါပဲ။ လူထုနဲ့လည်း တကယ်သက်ဆိုင်တယ်ဆိုတာကို သိရှိလာပြီးတော့ ဒီပေါ်မှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာဖို့ အတွက်ကို ကျွန်တော်တို့က ကော်မတီဖွဲ့ပြီး လုပ်ဆောင်ရခြင်းဖြစ်ပါတယ် “ လို့ ၂၁ ရာစုပင်လုံညီလာခံ လူထုထောက်ခံပွဲကျင်းပရေးကော်မတီ ဒုတိယတာဝန်ခံ ကိုရဲဝေဖြိုးက ပြောပါတယ်။

“ ၂၁ ရာစုပင်လုံညီလာခံ လူထုထောက်ခံပွဲကျင်းပရေးကော်မတီ “ ကနေပြီး စျေးရောင်းပွဲတော်ကျင်းပမယ့် ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့က တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောဆိုခဲ့တာပါ။

အဲ့ဒီ့ စျေးရောင်းပွဲတော်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အစားအစာ၊ အသုံးအဆောင်တွေကို ရောင်းချ ပေးသွားမယ့်အပြင် တိုင်းရင်းရိုးရာအကတွေနဲ့ ဖျော်ဖြေဖို့လည်း ကြိုးစားနေတယ်လို့ဆိုပါတယ်။

လာရောက်ရောင်းချသူတွေကို ၇ ပေ ပတ်လည်ဆိုင်ခန်းတွေနဲ့ ထီး၊ လျှပ်စစ်မီးတို့တပ်ဆင်ပေးသွားမှာဖြစ်ပြီး ဆိုင်ခန်းခကိုတော့ပေးစရာမလိုဘူးလို့လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့သူတွေကပြောဆိုခဲ့ပါတယ်။

ဒါကြောင့်လာရောက် ပူးပေါင်းပါဝင်ကြဖို့ တိုင်းရင်းသားအဖွဲ့အသီးသီးကိုဖိတ်ခေါ်ထားပြီး စျေးဆိုင်ခန်း ၇၀ ကနေ ၁၀၀ ကြားအတွက် နေရာတွေ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly