တောမီး လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ပါရာဒိုက်စ်မြို့ထံ သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်

တောမီး လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ပါရာဒိုက်စ်မြို့ထံ သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်

နိုဝင်ဘာ ၁၈ ။        ။ ကယ်လီဖိုးနီးယားပြည်နယ်က အဆိုးရွားဆုံး တောမီး လောင်ကျွမ်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပါရာဒိုက်စ်မြို့လေးဆီကိုတော့ နိုဝင်ဘာ ၁၇ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် သွားရောက်ခဲ့ပြီး ဆုံးရှုံးပျက်စီးမှု အခြေအနေတွေကို ကြည့်ရှုခဲ့ပါတယ်။

ခုလိုမျိုး တောမီးကြောင့် ပျက်စီးသွားခဲ့တဲ့ ပါရာဒိုက်စ်မြို့လေးကို မြင်ရတာ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်လို့ ထရမ့်က ပြောသွားပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် သမိုင်းမှာ အဆိုးရွားဆုံး တောမီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယခုတောမီးကြောင့် ပါရာဒိုက်စ်မြို့လေးဆိုရင် တစ်မြို့လုံံးနီးပါး ပြာကျခဲ့ရပါတယ်။

ယခု တောမီးကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၇၁ ဦးအထိ ရှိနေပြီ ဖြစ်ကာ လူ ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် တောမီးတွေကြောင့် ပြည်နယ်တွင်းက နေအိမ်ပေါင်း ၁၀,၀၀၀ ကျော်နဲ့ အခြားအဆောက်အအုံပေါင်း ၂,၄၀၀ ကို မီးလောင်ပြာကျထားစေခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly