ကုန်သွယ်ရေးစစ်မှာ အောင်နိုင်သူ ရှိမှာမဟုတ်လို့ ရှှီကျင့်ဖျင် သတိပေး

ကုန်သွယ်ရေးစစ်မှာ အောင်နိုင်သူ ရှိမှာမဟုတ်လို့ ရှှီကျင့်ဖျင် သတိပေး

ပေကျင်း၊ နိုဝင်ဘာ ၁၇ ။          ။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာကြီးအနေနဲ့ ကိုယ်ကျိုးကြည့် တစ်ကိုယ်ကောင်းဆန်သော လုပ်ငန်းစဉ်တွေကို တုံ့ပြန်နေစရာမလိုမယ့် ကမ္ဘာလုံးဆိုင်ရာ အထိန်းအကွပ် ဘုံစည်းမျဉ်းစည်းကမ်းတွေ ရှိဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုကာ ကုန်သွယ်ရေးစစ်ပွဲမှာ အောင်နိုင်သူဆိုတာ ရှိမှာမဟုတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။

“သမိုင်းက သက်သေပြနေပါတယ်။ ထိပ်တိုက်တွေ့မှုတွေမှာ စစ်အေးကာလပုံစံပဲဖြစ်ဖြစ်၊ စစ်မီးတောက်ချိန်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကုန်သွယ်ရေးစစ်ပွဲမှာပဲ ဖြစ်ဖြစ် အနိုင်ရသူတွေဆိုတာ ရှိမနေခဲ့ပါဘူး။”လို့ ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ အေပက်အစည်းအဝေးမှာ မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သဘောထား မတူညီ မတိုက်ဆိုင်မှုတွေကို အထူးအဖွဲ့အစည်းတွေ ဒါမှမဟုတ် စံနှုန်းထားသတ်မှတ်ထားချက်တွေကနေ ဖြေရှင်းခြင်းထက် သက်ဆိုင်ရာအားလုံးပါဝင်တဲ့ စကားဝိုင်း နှီးနှောဖလှယ်မှုတွေကနေ ဖြေရှင်းသွားသင့်ကြောင်း ရှီကျင့်ဖျင်က ပြောပါတယ်။

၁၉၈၉ ခုနှစ်က ထူထောင်ခဲ့တဲ့ အေပက်အဖွဲ့ဟာ ကမ္ဘာ့ဂျီဒီပီရဲ့ ၅၉ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးရှိတဲ့ စားသုံးသူ  ၂ ဒဿမ ၈၅ သန်း ရှိတဲ့ စျေးကွက်ကြီးလည်းဖြစ်ပါတယ်။

၂၀၂၀ မကျော်လွန်ခင် အဖွဲ့ဝင် ၂၁ နိုင်ငံကြား လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်နိုင်ရေး ရည်သန်ထားတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပွားပေါ်ပေါက်နေချိန်မှာ ကျင်းပတဲ့ အခုနှစ် အေပက်အစည်းအဝေးမှာ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly