သီရိလင်္ကာလွှတ်တော်မှာ အမတ်တွေကြား သတ်ကြပုတ်ကြတဲ့ ရန်ပွဲ ထပ်ဖြစ်ပြန်

သီရိလင်္ကာလွှတ်တော်မှာ အမတ်တွေကြား သတ်ကြပုတ်ကြတဲ့ ရန်ပွဲ ထပ်ဖြစ်ပြန်

ကိုလံဘို၊ နိုဝင်ဘာ ၁၇ ။             ။ သီရိလင်္ကာမှာ အသစ်ခန့်အပ်တဲ့ သမ္မတကို အယုံအကြည််မရှိကြောင်း အဆိုတင်တာနဲ့ ပတ်သက်ပြီး ဝရုန်းသုန်းကား တင်းမာမှုတွေ ဖြစ်နေပြီး သောကြာနေ့မှာဆိုရင် အမတ်တွေကြား သတ်ကြပုတ်ကြတဲ့ ရန်ပွဲက ထပ်ဖြစ်ပြန်ပါတယ်။

သမ္မတ မိဿရီပါလာသီရိသေနဟာ အငြင်းပွားဖွယ် လုပ်ဆောင်ချက်အဖြစ် ဝန်ကြီးချုပ် ရာမေးဝှစ််ရမ်မာဆင်းချ်ကို ရာထူးက ဖြုတ်ချလိုက်ပါတယ်။ ဒီနောက်မှာ  ချက်ချင်းဆိုသလိုပဲ အရင်နိုင်ငံခေါင်းဆောင်ဟောင်း မဟိန္ဒာရာဂျာပတ်စာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ဒါပေမယ့် အသစ်ခန့်အပ်တဲ့ ဝန်ကြီးချုပ်ဟာလည်း လွှတ်တော်မှာ ဆန့်ကျင်မှုတွေနဲ့ ကြုံရပြီး အယုံအကြည်မရှိ အဆိုတင်ပြီး လွှတ်တော်အမတ်တွေကြား နှစ်ခြမ်းကွဲပြားစေပါတော့တယ်။

သောကြာနေ့က  ဝရုန်းသုန်းကားလွှတ်တော်မှာ အဲဒီ အယုံအကြည်မရှိအဆိုကို အမတ် ၂၂၅ မှာ အမတ် ၁၂၂ ဦးက လက်မှတ်ထိုးထားပြီး သမ္မတထံ လက်မှတ်ရေးထိုးဖို့ တင်ပြရမှာ ဖြစ်ပါတယ်။

“ဒီမိုကရေစီလွှတ်တော်ရဲ့ ထိန်းသိမ်းရမယ့်  မူဘောင်တွေကို အချိန်ပြည့်လိုက်နာစောင့်သိဖို့ လွှတ်တော်ကို တိုက်တွန်းပါတယ်။ ကျွန်တော်အနေနဲ့လည်း လွှတ်တော်ရဲ့ အဆိုကို အချိန်ဆွဲမှာ မဟုတ်ပါဘူး။”လို့ လွှတ်တော်တွင်း ဒေါသမထိန်းနိုင်ဘဲ သတ်ပုတ်ပွဲ ဖြစ်ပြီးနောက်မှာ သမ္မတ သီရိသေနက တွစ်တာမှာ ရေးသားပါတယ်။

ခု သတ်ကြပုတ်ကြတဲ့ပွဲဟာဆိုရင် သီရိလင်္ကာနိုင်ငံရဲ့ ဖြစ်ပွားနေဆဲ နိုင်ငံဝရုန်းသုန်းကားအခြေအနေမှာ လွှတ်တော်တွင်း ဒုတိယမြောက် ရန်ပွဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း လွှတ်တော်အမတ်တွေကြား ထိုးကြကြိတ်ကြတာကြောင့် ဥက္ကဌဖြစ်သူဟာ လွှတ်တော်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly