ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနှင့် တာရှည်ခံသော 4230mAh Battery တို့ဖြင့် ဖန်တီးထားသည့် OPPO A7 ကို ကြိုတင်မှာယူ နိုင်ပြီ

ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနှင့် တာရှည်ခံသော 4230mAh Battery တို့ဖြင့် ဖန်တီးထားသည့် OPPO A7 ကို ကြိုတင်မှာယူ နိုင်ပြီ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ နိုဝင်ဘာလ (၁၆) ရက်။    ။ ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနှင့် တာရှည်ခံသော 4230mAh Battery တို့ဖြင့် ဖန်တီးထားသည့် OPPO A7 စမတ်ဖုန်းသစ်ကို ပြည်တွင်းစျေးကွက်အတွင်း ကြိုတင်မှာယူမှုများကို နိုဝင်ဘာလ (၁၇) ရက်မှ (၂၂) ရက်အတွင်း စတင်လက်ခံသွားတော့မှာ ဖြစ်ပြီး စျေးနှုန်း အနေဖြင့် ၂၉၉,၉၀၀ ကျပ်ဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Pre-order customers များအနေဖြင့် ၁၅၀၀၀ ကျပ် တန်ဖိုးရှိသော ဘေးတစောင်း လွယ်အိတ်များကို မေတ္တာလက်ဆောင် အဖြစ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် OPPO Myanmar မှ တယ်လီနောမြန်မာနှင့် ပူူးပေါင်းပြီး OPPO A7 ဝယ်ယူသူများအတွက် တစ်လလျှင် ၅၀၀၀ ကျပ်ငွေဖုန်းဘေလ်ဖြည့်ရုံဖြင့် 1GB ဒေတာ အပိုလက်ဆောင်ပေးသွားမှာဖြစ်ပြီး တစ်လအတွင်း နောက်တစ်ကြိမ် ၅၀၀၀ ကျပ်ငွေဖြည့်လျှင် နောက်ထပ် 1GB ဒေတာကို ထပ်မံပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူသူများအနေဖြင့် အကျိုးခံစားခွင့် ကိုတစ်နှစ်တိတိ ခံစားရမှာဖြစ်ပြီး စုစုပေါင်းဒေတာ 24GB ကိုရရှိမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းဝယ်ယူသူများ အနေဖြင့် ဆန်းသစ်ပြီး လူငယ်တို့ကြား ရေပန်းအစားဆုံး အရောင်များဖြစ်ကြသော Glaring Gold နှင့် Glaze Blue နှစ်မျိုး ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။  

OPPO A7 စမတ်ဖုန်းတွင် မျက်နှာပြင်အကျယ် ၆.၂ လက်မအရွယ်ရှိ ရေစက်ပုံစံမျက်နှာပြင်ဒီဇိုိင်း ကို အသုံးပြုထားပြီး ဒီဇိုင်းအနေဖြင့် အနုပညာဆန်သော မှန်သားပုံစံဒီဇိုင်းဖြင့် တည်ဆောက်ထားပါတယ်။အဆင့်မြင့် AI Beauty 2.0 နည်းပညာ ပေါင်းစပ်ပေးထားသည့် 16MP ရှေ့ကင်မရာ နှင့်အတူ 13MP+2MP နောက်ကင်မရာ၂လုံး တို့ထည့်သွင်းပေးထားသော ကြောင့် သဘာဝဆန်ဆန်ဖြင့် ပိုမို ကြည်လင်ပြတ်သားပြီး ပိုမိုတောက်ပသော Protrait ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ချစ်စရာကောင်းတဲ့ စတစ်ကာလေးတွေ ဖြစ်သော AR Stickers များလည်း ထည့်သွင်းပေးထားပါတယ်။ OPPO A7 မှာ ကြီးမားပြီး တာရှည်ခံသော 4230mAh battery ပမာဏ ပါဝင်လာသည့် အပြင် Android OS 8.1 အခြေခံထားသည့် OPPO ၏ Color OS 5.2 version အသစ်ကြောင့် Batteryကို ပိုမိုတာရှည်ခံပြီး ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ဂိမ်းကစားသူများ   အကြိုက်တွေ့စေမည့် Game Space Mode နှင့် Smart Side Bar ထည့်သွင်းပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags