တရုတ်ဖက်က လျှော့လာတာကြောင့် သွင်းကုန်စည်းကြပ်ခွန်တွေ ထပ်ပြဌာန်းစရာ လိုတော့ဖွယ် မရှိဟု ထရမ့်ပြော

တရုတ်ဖက်က လျှော့လာတာကြောင့် သွင်းကုန်စည်းကြပ်ခွန်တွေ ထပ်ပြဌာန်းစရာ လိုတော့ဖွယ် မရှိဟု ထရမ့်ပြော

ပေကျင်း၊ နိုဝင်ဘာ ၁၇ ။                  ။ ကုန်သွယ်ရေးတင်းမာမှုတွေကို တရုတ်ဖက်က ရှောင်ကွင်းပြီး သဘောတူညီမှုတစ်ရပ် ဖော်ဆောင်ဖို့ အသင့်ရှိလာတာကြောင့် တရုတ်နိုင်ငံအပေါ် သွင်းကုန်စည်းကြပ်ခွန်တွေ ထပ်ပြဌာန်းဖြစ်ဖို့ မရှိတော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောပါတယ်။

ထရမ့်ဟာ တရုတ်ရဲ့ ကုန်စည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံဖိုးအပေါ် သွင်းကုန်စည်းကြပ်ခွန်တွေ ပြဌာန်းချမှတ်ထားတာဖြစ်ပြီး နောက်ထပ် ၂၆၇ ဘီလီယံ ချမှတ်ဦးမယ်လို့ ခြိမ်းခြောက်ထားခဲ့တာပါ။ ဒီလို ထပ်မံ ချမှတ်ဖြစ်ရင်တော့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်ရဲ့ ပို့့ကုန်အားလုံးအပေါ် စည်းကြပ်ခွန်တွေ သက်ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ကုန်သွယ်ရေး တင်းမာမှုတွေရဲ့ ရလဒ်အဖြစ် အဓိက ပစ္စည်းအစိတ်အပိုင်းတွေ စျေးနှုန်း မြင့်တက်ပြီး စီးပွားရေး တွက်ချေမကိုက်ဖြစ်ရတယ်လို့ အမေရိကန် ကုမ္ပဏီတွေနဲ့ လယ်သမားတွေက ညည်းညူနေရပါတယ်။

“တရုတ်က ကုန်သွယ်ရေးသဘောတူညီမှုတစ်ရပ် ရလိုနေတယ်။ သူတို့ လိုလားလို့ လုပ်ဆောင်ပေးလိုတဲ့ စာရင််းဇယားကို ပေးပို့့ထားတယ်။”လို့ ထရမ့်က ပြောပါတယ်။

ဒီကမ်းလှမ်းမှုကို လက်သင့်မခံနိုင်ပေမယ့်လည်း အပြန်အလှန်ကုန်သွယ်မှု ရရှိရေး သဘောတူညီမှုတစ်ရပ်အတွက်တော့ အပြုသဘောဆောင်တယ်လို့ သုံးသပ်မိကြောင်း ထရမ့်က ပြောပါတယ်။

“နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်တော့ ဖြစ်ပေါ်လာတော့မယ်လို့ ကျွန်တော် ထင်ပါတယ်။ သိပ်ကြာမှာလည်း မဟုတ်ဘူး။”လို့ ထရမ့်က ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags