ဘန်ကောက်တစ်မြို့လုံး ပတ်ပတ်လည် စီးမိုးကြည့်ရှုနိုင်တဲ့ မြို့ကြည့်မျှော်စင်ကို ဖွင့်လှစ်

ဘန်ကောက်တစ်မြို့လုံး ပတ်ပတ်လည် စီးမိုးကြည့်ရှုနိုင်တဲ့ မြို့ကြည့်မျှော်စင်ကို ဖွင့်လှစ်
Photo: EPA

ဘန်ကောက်၊ နိုဝင်ဘာ ၁၆ ။           ။ ဘန်ကောက်မြို့က မိုးမျှော်တိုက်ကြီးတွေရဲ့ တစ်ခုသော မိုးမျှော်တိုက်ရဲ့ အပေါ်ဆုံးကို မြို့ကြည့်မျှော်စင်အဖြစ် သောကြာနေ့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။

မိုးမျှောက်တိုက်ကြီးရဲ့ အပေါ်ဆုံး မီတာ ၃၁၀ အမြင့််မှာရှိတဲ့ ဒီ မျှော်စင်ကုန်းပတ်တစ်လျှောက်ကနေ ဘန်ကောက်မြို့တစ်မြို့လုံးကို ၃၆၀ ပတ်ပတ်လည် မြင်ကွင်းနဲ့ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်ရဲ့ စီးပွားရေးအချက်အချာအကျဆုံးအရပ်က ကင်းပါ၀ါမဟာနက်ခွန် မိုးမျှော်တိုက်ကြီးမှာ Skywalk မျှော်စင်ဆိုပြီး ဖွင့်လှစ်ထားတာဖြစ်ပြီး မြို့တော်ရဲ့ အရပ်ရပ်မြင်ကွင်းတွေကို မကြံစဖူး ရှုထောင့်ကနေ ခံစားတွေ့မြင်ရမှာဖြစ်ပါတယ်။

ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကားထဲအပါအဝင်ဖြစ်တဲ့ ဒီမိုးမျှော်တိုက်ကြီးက ဓာတ်လှေကားနဲ့ ၇၅ ထပ်အလွှာထိ စီးသွားပြီးနောက်မှာ ဘတ်ငွေ တစ်ထောင်(အမေရိကန်ဒေါ်လာ ၃၀ နီးပါး) ပေးရင်း မြို့အလှှကို တစ်ဝကြီး ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီမြို့ကြည့်မျှော်စင်ကုန်းပတ် တစ်နေရာမှာ မှန်ခင်းထားတဲ့ ကြမ်းခင်းရှိနေပြီး ဒီမှန်ကြမ်းခင်းပေါ် တက်ရပ်ရင်း အောက်ခြေ မီတာ ၃၀၀ ကျော် မြေပြင်ဆီအထိ တိုးလျှိုးပေါက် ကြည့်မြင်နိုင်တာလည်း ဖြစ်ပါတယ်။

အမြင့်ဝေဟင်မှာ ကြည့်ရှုခံစားရင်း အာရုံထွေပြားမှု ဖြစ်တတ်သူတွေအတွက်လည်း အာရုံတွေကို ဖြေလျှော့မှုပေးမယ့် ဘားဆိုင်တစ်ခုပါ တွဲလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးစည်ကားတဲ့ ဘန်ကောက်မြို့က မိုးမျှော် တိုက်မြင့်ကြီးတွေထဲ တစ်ခုအပါအဝင် ဖြစ်တဲ့ ကင်းပါ၀ါမဟာနက်ခွန် မိုးမျှော်တိုက်ကြီးကို ၂၀၁၆ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly