စည်ပင်ယာဉ်ဖြင့် အမှိုက်သိမ်းနေစဉ် လူ ၄ ဦးက လေးခွဖြင့် ပစ်ခတ်မှုဖြစ်ပွား

စည်ပင်ယာဉ်ဖြင့် အမှိုက်သိမ်းနေစဉ် လူ ၄ ဦးက လေးခွဖြင့် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာလ ၁၆ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံ/တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်းတွင် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းတစ်ဦးက စည်ပင်ယာဉ်ဖြင့် အမှိုက်များလိုက်သိမ်းနေစဉ် လူ ၄ ဦးက လေးခွဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် အသက် ၄ဝ အရွယ် ဦးမောင်မောင်စိုးက ကော်မတီပိုင် အမှိုက်သိမ်းယာဉ်အား မောင်းနှင်ပြီး ချမ်းမြသာစည်မြို့နယ်၊ သံ/တောင်ရပ်ကွက်၊ ကန်တော် ကြီးပတ်လမ်းတွင် အမှိုက်များလိုက်သိမ်းနေစဉ် အမည်မသိ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာ၍ လေးခွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

လေးခွဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမှိုက်သိမ်းယာဉ်၏ ရှေ့လေကာမှန်ကွဲကြေပျက်စီးခဲ့သဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီစက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ ဌာနစုမှူး ဦးလှိုင်ဝင်းဦးက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချမ်းမြသာစည်မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါလေးခွဖြင့် ပစ်ခတ်ခဲ့သူများကို ချမ်းမြသာစည်မြို့မရဲစခန်းမှ (ပ)၅၇၇/ ၂ဝ၁၈၊ ပပက ၆(၁)ဖြင့် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly