တောင်ကြီးမြို့ ၊ မြို့မစျေးအနီးတွင် လက်လုပ်ချိန်ကိုက်ဗုံးလို့ယူဆရသည့် ပစ္စည်းများတွေ့ရှိ

တောင်ကြီးမြို့ ၊ မြို့မစျေးအနီးတွင် လက်လုပ်ချိန်ကိုက်ဗုံးလို့ယူဆရသည့် ပစ္စည်းများတွေ့ရှိ

ရန်ကုန်  နိုဝင်ဘာ  ၁၆ ရက် ။          ။ တောင်ကြီးမြို့၊ မြို့မစျေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် လက်လုပ်မိုင်း (သို့) ချိန်ကိုက် ဗုံးဟု ယူဆရသော သံသယဖြစ်ဖွယ် လက်ဆွဲသေတ္တာတစ်လုံးတွေ့ရှိခဲ့ရပြီး တပ်မတော်မှ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီ အချိန်တွင် လက်ဆွဲသေတ္တာငယ်တစ်လုံးအား အဘိုးအိုတစ်ဦး မှ လာရောက်ချထားသည်ကို စျေးဆိုင်ခန်းရှင်တစ်ဦးကတွေ့ရှိရာမှ မသင်္ကာသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သည်။ နေ့လယ် ၃နာရီ ၃မိနစ်တွင် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့မှ သက်မဲ့ ပြုလုပ်ကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် နောက်ထပ်ဗုံးဟု သံသယဖြစ်ဖွယ်အရာတစ်ခုကို တောင်ကြီး City Square Shopping Center ဒုတိယအထပ်တွင် ထပ်မံတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ စစ်ဆေးခဲ့ရာမှ ဗုံးမဟုတ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
 
ယခုအချိန်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် စစ်အင်ဂျင်နီယာတပ်တို့မှ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly