ရွေးကောက်ပွဲကာလ ပဋိပက္ခများရှိလာနိုင်၍ လုံခြံုရေးအထူးအလေးပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ညွှန်ကြား

ရွေးကောက်ပွဲကာလ ပဋိပက္ခများရှိလာနိုင်၍ လုံခြံုရေးအထူးအလေးပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ညွှန်ကြား

နေပြည်တော်၊ စက်တင်ဘာ ၂၅ ။ ။ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများက အစိုးရဖြစ်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြမည်ဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်ကာ ပဋိပက္ခများရှိလာနိုင်သည့်အတွက် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ညွှန်ကြားလိုက်သည်။

၎င်းက စက်တင်ဘာ ၂၃ရက်က ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရေကြည်ခန်းမ၌ "၂၀၁၅ အထွေထွေရွေးကောက်ပွဲ အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေး ဆွေးနွေးပွဲ"တွင် ပြောကြားလိုက်ခြင်းသည်။

ရွေးကောက်ပွဲ အောင်မြင်စွာပြီးစီးမှုသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သကဲ့သို့ နိုင်ငံ နှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်သည့်အတွက် အရေးကြီးသည်ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂအဖွဲ့အစည်းကလည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလအတွင်း နှောက်ယှက်မှုများ ရှိလာနိုင်သောကြောင့်ဟုဆိုကာ ၎င်းတို့၏ ဝန်ထမ်းများ အနေဖြင့် မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်းကို ကန့်သတ်ကြောင်း သတိပေးထားသည်။ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးက မဲရုံများတွင် ရွေးကောက်ပွဲ အထူးလုံခြုံရေးဝန်ထမ်း ၄၀,၀၀၀ အသုံးပြုရန် မြန်မာအစိုးရက လျာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly