မြန်မာနိုင်ငံတွင် အပ်စိုက်ကုပညာအား တရားဝင်ဖြစ်ရေးအတွက် ဆောင်ရွက်နေ

By ရဲနိုင်(လောက်ကိုင်)
15 November 2018
မြန်မာနိုင်ငံတွင် အပ်စိုက်ကုပညာအား တရားဝင်ဖြစ်ရေးအတွက် ဆောင်ရွက်နေ
  ဓာတ်ပုံ- မြန်မာနိုင်ငံ အပ်စိုက်ကုပညာရှင်များအသင်း

ရန်ကုန်၊ နိုဝင်ဘာလ ၁၅ ။            ။ လေဖြတ်သည့် ရောဂါအပါအဝင် အကြောရောဂါပေါင်းစုံအား ပျောက်ကင်းအောင် ကုသပေးနိုင်သည်ဟုဆို သော အပ်စိုက်ကုပညာရပ်အား မြန်မာနိုင်ငံတွင် တရားဝင်ဖြစ်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံ အပ်စိုက်ကုပညာရှင်များအသင်းမှ နာယကဖြစ်သူ အပ်စိုက်ကုပညာရှင် ဦးမောင်မောင်လှိုင်က မဇ္စျိမသို့ ပြောသည်။

 နိုဝင်ဘာလ ၁၅ ရက်၊ ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အပ်စိုက်ကုနေ့ အခမ်း အနားတွင် မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

 
" တရားဝင်ဖြစ်ဖို့ နည်းနည်းလေးပဲ လိုပါတော့တယ်။ ဆရာတို့ လွှတ်တော်မှာလည်း အထူးဥပဒေ ကော်မရှင် မှာလည်း ဒီပညာရပ်ကို တရားဝင်ဖြစ်ဖို့အတွက် လျှောက်ထားပြီးပါပြီ။ သူတို့လည်း ဘာခေါ်မလဲ အမျိုးသား လွှတ်တော်ကလည်း သဘောတူပြီးတော့ အပေါ်ကိုတင်ပေးလိုက်ပြီ။ သမ္မတကြီးဆီကိုတော့ ရောက်သွားပြီ။ သမ္မတကြီးက လက်မှတ်ထိုးလိုက်ရင် ဒီအောက်က ဥပဒေ ရေးဆွဲရုံပဲ"ဟု အပ်စိုက်ကုပညာရှင် ဦးမောင်မောင် လှိုင်က ပြောသည်။

 
အပ်စိုက်ကုပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရှင်များပေါ်ထွန်းလာရေးအတွက် အပ်စိုက်ကုပညာရှင် ဦးမောင် မောင်လှိုင်က ကုသိုလ်ဖြစ်သင်တန်းအား ၈ ကြိမ်ထိပေးခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းမွေးထုတ်ပေးလိုက်သည့် ပညာရှင် ၃ဝဝ ကျော် မြန်မာနိုင်ငံတွင် ရှိနေပြီဖြစ်ကြောင်း ၎င်းပြောပြချက်အရသိရသည်။

 " အပ်စိုက်ကုသနည်းက အကောင်းဆုံးကတော့ အကြောရောဂါပေါ့။ ဒူးနာ၊ ခါးနာဆိုရင် ချက်ချင်းပျောက်တယ်။ နောက် လေဖြတ်တာတွေအတွက်လည်း အကောင်းဆုံးပဲ။ ကင်ဆာကလွဲရင် ကုလို့မရတဲ့ ရောဂါဆိုတာမရှိဘူး။ ကင်ဆာကတော့ သူတို့ ဆက်ပြီး သုတေသနလုပ်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဆရာတို့ အပ်စိုက်ကုပညာ ဆိုတာက ဒီခန္ဓာကိုယ်တွင်းထဲမှာရှိနေတဲ့ သွေး၊ လေ လည်ပတ်မှုကို ညှိပေးတဲ့သဘောပါ"ဟု အပ်စိုက်ကုပညာ ရှင် ဦးမောင်မောင်လှိုင်က အဆိုပါ ပညာရပ်နှင့် ပတ်သက်ပြီး ရှင်းပြသည်။

 အပ်စိုက်ကုပညာရပ်ကို ဖွ့ံဖြိုးပြီးနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် ကျယ် ကျယ်ပြန့်ပြန့်အသုံးပြု ကုသနေကြပြီး မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဖြစ်လာစေရန်အတွက် အပ်စိုက်ကု ပညာရပ် အစစ်အမှန်အား ပြည်သူများလက်ခံကာ အတုအယောင်ကုသသူများ မပေါ်ပေါက်စေရန်နှင့် ထိုသို့ ကုသသူများအား လက်မခံရန် အထူးအရေးကြီးကြောင်း မြန်မာနိုင်ငံ အပ်စိုက်ကုပညာရှင်များအသင်းမှ နာယ ကဖြစ်သူ အပ်စိုက်ကုပညာရှင် ဦးမောင်မောင်လှိုင်က ဆိုသည်။

 သမိုင်းအထောက်အထားများအရ အပ်စိုက်ကုပညာမှာ တရုတ်နိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိခေတ်ကာလ တွင် တစ်ခါသုံးအပ်များကိုသာ အသုံးပြုကုသနေကြကြောင်း အပ်များကို တရုတ်နိုင်ငံမှသာမှှာယူရရှိ နိုင်ကြောင်း မြန်မာနိုင်ငံအပ်စိုက်ကုပညာရှင်များအသင်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly