ဂွါတီမာလာတွင် အစားအစာထည့်ထားသည့် လင်ဗန်းကိုယ်စီဖြင့် စားပွဲထိုးများ အပြေးပြိုင်

By AFP
15 November 2018
ဂွါတီမာလာတွင် အစားအစာထည့်ထားသည့် လင်ဗန်းကိုယ်စီဖြင့် စားပွဲထိုးများ အပြေးပြိုင်

နိုဝင်ဘာ ၁၅ ။          ။ ယနေ့မနက်ပိုင်းမှာပဲ ဂွါတီမာလာနိုင်ငံ၊ အန်တီဂွါမြို့မှာ အစားအစာထည့်ထားတဲ့ လင်ဗန်းကို ကိုင်ပြီး အပြေးပြိုင်တဲ့ ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာ စားပွဲထိုးအဖြစ်အလုပ်လုပ်ကိုင်လျက်ရှိတဲ့ ဂွါတီမာလာဒေသခံတွေ ထောင်နဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းအရ ပြိုင်ပွဲဝင်တွေဟာ ဗန်းထဲက အစားအစာတွေ ဖိတ်မကျအောင် သေချာကိုင်ပြီး ၄၅ ကီလိုမီတာအကွာမှာရှိတဲ့ ပန်းတိုင်ရောက်အောင် ပြေးရတာဖြစ်ပါတယ်။

 “စားပွဲထိုးတစ်ယောက် ဖြစ်ရတာမလွယ်ဘူး။ ဒီနေ့က စားပွဲထိုးတွေအတွက် နေ့တစ်နေ့ပဲ။ သူများတွေနဲ့ အတူ ပျော်ချင်လို့ ပြိုင်ပွဲဝင်ပြိုင်ဖြစ်တာပါ။”လို့ စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ ဂျိုစ့်ရှီယပ်က ပြောပါတယ်။

“ကျွန်မဆို ဒီပြိုင်ပွဲမှာ ဝင်ဝင်ပြိုင်နေတာ ၁၃ နှစ်ရှိပြီ။ ကျွန်မသူငယ်ချင်းတွေဆို ကျွန်မ ဝင်မပြိုင်ခင်ကတည်းက ပြိုင်နေကြတာ။ ပျော်ဖို့လည်းကောင်းတယ်။ ဘယ်သူနိုင်မလဲဆိုတာ စောင့်ကြည့်တာပေါ့။”လို့ အလီဂျန်တရာ လော်ရန်တီက ပြောပါတယ်။

စားပွဲထိုးတွေသာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဆိုပါပြိုင်ပွဲကို ဂွါတီမာလာမှာ နှစ်စဉ်ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly