ဓားထောက်ပြီး ချစ်ခွင့်ပန်သူ အဖမ်းခံရ

By မျိုးထွန်းနိုင်
15 November 2018
ဓားထောက်ပြီး ချစ်ခွင့်ပန်သူ အဖမ်းခံရ
ဓာတ်ပုံ - Mandalay Police

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ။             ။ မန္တလေးတိုင်းဒေကြီး မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ လည်ပင်းကိုဓားဖြင့်ထောက်ကာ ရည်းစားစကားပြောခဲ့သော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၄ရက် ညနေ ညနေ ၆ နာရီ ၃၀ အချိန်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃xသိပ္ပံလမ်းကြားတွင် အိုးဘိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေထိုင်သော လှိုင်မင်းအောင် ၂၀ နှစ်သည် မxxxx အား လူငယ်သဘာဝချစ်ခွင့်ပန်ရာ ပြန်လည်ချစ်ကြိုက်ခြင်း မရှိသဖြင့် ဓားကိုင်ကာ လည်ပင်းအားထောက်ပြီး အဖြေတောင်းနေစဉ် မဟာအောင်မြေ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တွေ့ရှိ၍ သက်သေခံ ဓားဦးချွန် ၁ ချောင်းအားသက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ဓားထောက်ပြီး ချစ်ခွင့်ပန်သူ အမျိုးသားကို မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly